အပိုင်း [ ၁ ]

6.8K 321 22
                                    


(U)

I wanna reset
I wanna reset
I wanna reset ~ 🎼

သီချင်းပြီးသွားလည်းပဲ ထပ်ခါထပ်ခါ တစ်ပုဒ်တည်းကို နားထောင်ရင်း တစ်နေ့တာကို စတင်လိုက်သည်။ ပုံမှန်ရက်တွေလိုပဲ ဒီနေ့မှာလည်း Baekhyunဟာ မရယ်မပြုံးဖြင့် အိပ်ရာထသည်။

အိပ်ရာခင်းကို သပ်သပ်ရပ်ရပ် ပြုပြင်ပြီး တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက် ရေချိုးခန်းထဲ၀င်လိုက်သည်။ ရေချိုးပြီး အ၀တ်အစားလဲကာ Baekhyun အခန်းတစ်ခန်းရှေ့မှာ မတ်တပ်ရပ်လိုက်မိသည်။

တံခါးတွန်းဖွင့်ပြီး အထဲ၀င်သွားတော့ မြောက်မြားစွာသော ပန်းချီကားချပ်တွေကို တွေ့ရသည်။ ဒီပန်းချီအားလုံးကိုဆွဲတဲ့သူက တစ်ယောက်တည်းဖြစ်ပြီး ပန်းချီထဲ ပါ၀င်တဲ့သူကလည်း ခပ်ချောချော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

ဟန်ဆောင်မှုတွေ ကင်းမဲ့ပြီး အချိန်အတော်ကြာဖန်တီးထားတဲ့ ကမ္ဘာငယ်လေးဖြစ်တာကြောင့် ထိုပန်းချီတွေကို ကြည့်ရင်း Baekhyun မျက်ရည်
ဝဲလာသည်။

ပန်းချီထဲက ကောင်လေးရဲ့ပါးကို လက်ဖြင့်ဖွဖွလေး ပွတ်သပ်ပြီး
စိတ်ထဲကနေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို Baekhyun ရေရွတ်လိုက်သည်။

"တအားသတိရတယ် မောင် ~"

အဆင်မှပြေနေရဲ့လား ? တခြား
ဘယ်သူတွေနဲ့များ ထပ်တွဲနေလဲ ? အထီးကျန်သလို ခံစားနေရလား ?

သူ့အနားကနေ ထွက်ပြေးခဲ့တဲ့သူက ကိုယ်ဖြစ်ပေမယ့်လည်း မိုက်မဲစွာနဲ့ပဲ မေ့မရအောင် Baekhyun မှတ်ဉာဏ်ထဲ ရှိနေသည်။ မျက်ရည်သုတ်ပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်သည်။

"မေမေ"

အောက်ထပ်ဆင်းသွားတော့ မေမေက မနက်စာအတွက် ပြင်ဆင်နေသည်။

"ကျွန်တော် ဘာကူညီပေးရမလဲ"

"ဘာမှကူညီစရာမလိုပါဘူးရှင့် .. အသင့်ထိုင်စားလို့ရပါပြီ"

"ဟုတ်ကဲ့ပါ ခင်ဗျ"

ဒီလောကကြီးထဲ Baekhyunအတွက်အမြဲ ရှိနေပေးတဲ့ တစ်ယောက်တည်းသောသူ ဖြစ်သည်။
Baekhyun အထီးမကျန်အောင်
အမြဲဖေးမပေးလေ့ရှိပြီး မပျင်းအောင်ဆိုပြီး စကားအဆက်မပြတ်ပြောလေ့ရှိသူတစ်ဦးဖြစ်သည်။

First & Last Chapter [ COMPLETED ]Where stories live. Discover now