အပိုင်း [ ၁၄ ]

1.5K 233 26
                                    


(U)

အချိန်တွေကုန်တာမြန်သလား နှေးသလားဆိုတာ Baekhyun ကိုယ်တိုင်မဝေခွဲတတ်တော့ပါ။ သို့ပေမယ့် အချိန်က‌တစ်နေ့ပြီးတစ်နေ့ ရပ်နားခြင်းမရှိဘဲ ကုန်ဆုံးသွားခဲ့ပါသည်။

ဂျင်ဝူးမရှိတော့တာနဲ့အမျှ Baekhyunက အေးစက်စက်ကျောင်းသားတစ်ယောက်အဖြစ် ‌ပြောင်းလဲသွားသည်။ အတူရယ်မောပေးမယ့်သူ၊ ရယ်မောရမယ့်အကြောင်းပြချက်လည်း အခု Baekhyunဆီမှာ မရှိတော့ပါ။

ဘာလို့မှန်းမသိ ဒီနေ့မှစိတ်လေးလံနေသလို ခံစားရသည်။ ရင်ထဲတင်းကျပ်နေပြီး တစ်ခုခုကြီးကြီးမားမား ဖြစ်တော့မယ်လို့ ထူးထူးဆန်းဆန်းခံစားနေရသည်။

နက်ရှိုင်းလှတဲ့အတွေးကို ဖြတ်တောက်ပြီး Baekhyun စာပြန်လုပ်ဖို့ပြင်ဆင်လိုက်သည်။

"Baekhyun ငါ‌နင့်ကိုပြောစရာရှိတယ်"

"..."

ရေးကြီးသုတ်ပြာဖြင့် Baekhyunဆီရောက်လာတဲ့ ဆိုယူကိုကြည့်ပြီး Baekhyun သက်မောချလိုက်သည်။

"ဘာပြောမလို့လဲ ဆိုယူ"

"ငါနဲ့ ခဏလိုက်ခဲ့ပေး"

ငြင်းချိန်တောင်မရလိုက်ဘဲ ဆိုယူခေါ်ဆောင်ရာနောက် Baekhyun ပါသွား‌တော့သည်။ ခဏလမ်းလျှောက်ပြီးတဲ့နောက် ဆိုယူက ခေါင်မိုးထပ်ဆီခေါ်လာသည်။

"ဘာပြောစရာရှိလို့ ဒီနေရာအထိ ခေါ်လာတာလဲ ဆိုယူ .. ပြီးတော့ နင့်မျက်နှာကဘာလို့မကောင်းတာလဲ တစ်ခုခုများဖြစ်တာလား"

"Chanyeol ... Chanyeolကငါ့ကိုတကယ် သဘောကျတာရော ဟုတ်ရဲ့လား Baekhyun"

ဆိုယူ့အမေးကြောင့် Baekhyun
ထူပူသွားသည်။ ဘာတွေများဖြစ်ခဲ့လို့ ဆိုယူကဒီလိုမေးခွန်းကို Baekhyunကိုမေးရတာလဲ ? အဖြေက Baekhyunမှာ မရှိဘူးဆိုတာသိရက်နဲ့လေ။

"အခုနင်တို့ပြဿနာဖြစ်ထားကြတာလား ဆိုယူ"

"ငါမသိဘူး .. ငါတကယ်ရူးချင်လာပြီ အရင်ကတော့သိပ်မသိရပေမယ့် ကြာလာတော့ Chanyeolက သိသိသာသာကိုပြောင်းလဲလာတယ် ငါနဲ့စကားလည်းသိပ်မပြောတော့ဘူး ငါ့ကိုပြုံးပြတာ အကြိမ်ရေနည်းလာတယ် ပြီးတော့ .. ပြီးတော့"

First & Last Chapter [ COMPLETED ]Kde žijí příběhy. Začni objevovat