အပိုင်း [ ၄ ]

1.5K 224 12
                                    


(U)

ကျောင်းတက်ဖို့ ၅မိနစ်အလိုမှာ သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီး Baekhyun ဆိုယူနဲ့အတူ အတန်းထဲ၀င်လာလိုက်သည်။ ဆိုယူက သူ့နေရာမှာ၀င်ထိုင်ပြီးတဲ့အထိ Baekhyun ကြောင်အအဖြင့် ရပ်ကြည့်နေမိသည်။

"ယူဟျွန်း အဲ့ဒါငါ့နေရာလေ"

မရပ်နိုင်တော့တဲ့အဆုံး အနားသွားကာ Baekhyun ထုတ်ပြောလိုက်သည်။ ထိုအခါ ယူဟျွန်းက လျှောကျနေတဲ့ မျက်မှန်ကိုပင့်တင်ပြီး Baekhyun ကိုမော့ကြည့်လာသည်။

"Chanyeolက နေရာလဲပေးပါဆိုလို့"

"ဟမ် ? ဘယ်လို ..?"

Baekhyun ရှေ့လေးခုံမြောက်ကို ‌ကြည့်လိုက်တော့ စားပွဲမှာလူလွတ်နေသည်။ Chanyeolကိုမတွေ့တာကြောင့် တစ်ခန်းလုံးရှာကြည့်တော့ ထူးထူးဆန်းဆန်း လွတ်နေတဲ့ တစ်ခုံကျော်မှာ ရှိနေသည်။

ဟိုကြည့်ဒီကြည့်ဖြင့် နောက်ဆုံး Baekhyun ပြုံးလိုက်မိသည်။ ပြုံးလျက်နဲ့ပင် လွတ်နေတဲ့ခုံမှာ ၀င်ထိုင်ပြီး လွယ်အိတ်ကိုစားပွဲပေါ်တင်လိုက်သည်။

အနားမှာ ပြတင်းပေါက်ရှိတာကြောင့် လေ‌ပြည်လေညှင်းလေးတွေက ဝေ့ကနဲ။ ညာဘက်ကိုလှည့်ကြည့်တော့
တစ်ခုံကျော််မှာထိုင်နေတဲ့ Chanyeol ကိုတွေ့ရသည်။

အတန်းထဲ ဆရာ၀င်လာတဲ့ထိတိုင် Baekhyun ပြုံးနေမိသည်။ အနည်းဆုံးတော့ Chanyeolက Baekhyun ကိုဂရုစိုက်ပေးပါသည်။

——

"ကျေးဇူးတင်ပါတယ် Sam"

နားချိန်ရောက်ပြီဖြစ်တာကြောင့် ကျောင်းသားကျောင်းသူအားလုံးက ပျော်ပျော်ရွှင်ရွှင်ဖြင့်စကားပြောရင်း အတန်းထဲကထွက်သွားကြသည်။

"Baekhyun ကန်တင်းသွားကြရအောင်လေ"

"ငါအိမ်စာလုပ်နေလို့ မလိုက်တော့ဘူး ဆိုယူ"

အိမ်စာရေးနေတာကိုရပ်ပြီး Baekhyun ဖြေလိုက်သည်။

"ဟာ ... အဲ့လိုတော့မဖြစ်ဘူး ! စာကစာ အစားကအစားလေ တူမှမတူဘဲ .. သွားကြရအောင်"

"ငါမနက်က မနက်စာအများကြီး စားခဲ့တော့ ဗိုက်သိပ်မဆာဘူး.. နင်တို့ပဲသွားစားလိုက်တော့ ပြီးတော့ မီရာတို့ကို ကြည့်ပြီးပြောလိုက် တော်ကြာ သူတို့စိတ်ဆိုးနေရင် ငါပြန်ချော့နေရမယ်"

First & Last Chapter [ COMPLETED ]Opowieści tętniące życiem. Odkryj je teraz