အပိုင်း [ ၁၅ ]

1.5K 223 21
                                    


(U)

တစ်ရက်မနက်ခင်းမှာ စိတ်လှုပ်ရှားခြင်းအပြည့်ဖြင့် Chanyeol နိုးထလာသည်။ အကြောင်းအရင်းကတော့ မနေ့ကဖိတ်ထားတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ‌ကြောင့်ဖြစ်သလို
ထိုပွဲကို Baekhyunလာမယ်လို့လည်း Chanyeol ကြားထားသည်။

အိပ်ရာထပြီး အရင်ဆုံး တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်လိုက်သည်။ ရေချိုးပြီးတာနဲ့ ညကရွေးထားတဲ့ ရှပ်အနက်ရောင်လက်ရှည်နဲ့ ဂျင်းပြာကိုတွဲ၀တ်ဆင်သည်။

အနည်းငယ်စိုနေသေးတဲ့ ဆံပင်ကို တဘက်ဖြင့် ခပ်ကြမ်းကြမ်းသုတ်ပြီး ဆံပင်ပုံသွင်းလိုက်သည်။ ရေမွှေးဆွတ်ကာ Rolexနာရီကို ဘယ်လက်မှာပတ်သည်။

ကျောင်းပြီးတည်းက နေ့တိုင်း အားကစားလုပ်ဖြစ်တာကြောင့် Chanyeol ရဲ့ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ပုံက တောင့်တောင့်တင်းတင်းဖြင့် ကြည့်ကောင်းတဲ့အသွင်ဆောင်နေသည်။

မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်တဲ့အထိကြည့်ပြီးမှ ကားသော့ယူကာ ပွဲကျင်းပမယ့်နေရာဆီ ထွက်လာလိုက်သည်။

ပွဲကျင်းပ‌ရာနေရာဖြစ်တဲ့ အထက်တန်းကျောင်းအပြင်ဘက်ကို တစ်ချက်မျှသာ ငေးကြည့်ပြီး Chanyeol ခန်းမဆောင်ထဲ၀င်လာလိုက်သည်။ ရောက်လာတာစောပေမယ့် ခန်းမထဲ တစ်ချို့ကရောက်နှင့်နေပြီဖြစ်သည်။

Chanyeol အနေဖြင့် အစားအသောက်ခင်းကျင်းထားတဲ့ ဝိုင်းက ဖျော်ရည်တစ်ခွက်ကိုကိုင်ရင်း သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောနေလိုက်သည်။

"ဟေး Chanyeol မင်းတကယ်ချောလာတယ် .. လုံး၀ကိုပြောင်းလဲသွားတယ်"

"ဘာတွေသွားပြောနေတာလဲ Chanyeol ကငါတို့ကျောင်းမှာ အချောဆုံးစာရင်းထဲပါထားတဲ့သူနော်"

သူငယ်ချင်းတွေရဲ့အပြောကို အပြုံးဖြင့်သာတုံ့ပြန်ရင်း Chanyeol အကြည့်တွေက တစ်စုံတစ်ယောက်ကို ရှာဖွေနေမိသည်။ လက်ကနာရီကို မကြာခဏကြည့်ရင်း ကြာလာတော့ စိတ်ရှုပ်လာသည်။

"Chanyeol"

"အာ ... မီရာ"

Chanyeol မျက်နှာကသိသိသာသာကို ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလို မီရာကအနားရောက်လာပြီး Chanyeolလက်ကို လာတွဲသည်။
ဘာမှပြောချင်စိတ်မရှိတာ‌ကြောင့် လွှတ်ထားပေးလိုက်သည်။

First & Last Chapter [ COMPLETED ]Où les histoires vivent. Découvrez maintenant