အပိုင်း [ ၅ ]

1.5K 216 18
                                    


(U)

"Chanyeol ဂျင်ဝူးမွေးနေ့ပွဲကို မင်းသွားမှာလား"

"မသွားဘူး"

တုံးတိကြီး ဖြေလာတဲ့ Baekhyunရဲ့ ချစ်ရသူ။ အပြစ်မမြင်ရက်တာမို့ Baekhyun ပြုံးလိုက်သည်။

"အမြဲပြုံးနေရအောင် အရူးလား"

"ဘာလို့လဲ ? Chanyeolက သဘောမကျဘူးလား"

"..."

ဒါကျတော့ အဖြေမရှိတော့။
Chanyeol အခုဘာတွေးနေလည်းဆိုတာ Baekhyun သိပ်သိချင်သည်။ Chanyeolရဲ့ စိတ်ထဲ၀င်ကြည့်ခွင့်ရမယ်ဆိုရင် Baekhyun နှစ်ခါမစဉ်းစားဘဲ တန်း၀င်ကြည့်ဖြစ်မည်ထင်သည်။

"ဂျင်ဝူးနဲ့ Chanyeolက သူငယ်ချင်းတွေမလား သူငယ်ချင်းမွေးနေ့ပွဲကို သွားရမှာပေါ့"

"ဒီအတိုင်း မသွားချင်လို့"

"အာ ဟုတ်ပါပြီ"

တစ်ဖန်ပြန်ပြီး အသက်ရှူသံကလွဲလို့ တိတ်ဆိတ်သွားသည်။ စိမ်းလန်းစိုပြည်နေတဲ့ ပတ်၀န်းကျင်ကလည်း Baekhyun မျက်လုံးထဲ လှပခြင်းမရှိတော့ပါ။

"ဒီလမ်းထဲ၀င်သွားပြီး လေးအိမ်မြောက်ဆိုရင် ငါ့အိမ်ရောက်ပြီ Chanyeol .."

"အင်း"

"မင်းလည်းပြန်တော့လေ .. တော်ကြာ အိမ်ပြန်နောက်ကျနေမယ်"

"အင်း"

Chanyeol ကိုကျောခိုင်းပြီး Baekhyun လမ်းလျှောက်ဖို့ပြင်လိုက်သည်။ ဦးနှောက်ကသွားလို့ အချက်ပြနေပေမယ့် နှလုံးသားက ထိုအတိုင်းတော့မဟုတ်။

နှုတ်ခမ်းကိုက်ပြီး Chanyeolကို လှည့်ကြည့်လိုက်သည်။

"Chanyeol"

ပြန်ဖို့လုပ်နေတဲ့ Chanyeol ခြေထောက်ကရပ်တန့်သွားပြီး Baekhyunကို လှည့်ကြည့်လာသည်။

"ဂျင်ဝူးအတွက် မွေးနေ့လက်ဆောင် သွား၀ယ်မလို့ အတူလိုက်ခဲ့ပေးမလား"

Baekhyun အသက်ရှူအောင့်လိုက်မိသည်။

".. ရတယ် .. ငါတစ်ယောက်တည်း"

"လိုက်ခဲ့မယ်"

စိတ်သက်သာရာရသွားတဲ့အပြင် Baekhyun ခြေလှမ်းတွေတောင် မြှောက်ကြွကြွဖြစ်သွားသည်။

First & Last Chapter [ COMPLETED ]Donde viven las historias. Descúbrelo ahora