အပိုင်း [ ၂၁ ]

1.6K 221 11
                                    


(U)

ရက်သတ္တပတ်ကြာသွားပေမယ့် Chanyeolရင်ထဲမှာ ပိတ်ဆို့နေတဲ့ အစိုင်အခဲကတော့ မပျောက်သွားဘဲရှိနေသည်။ လွန်ခဲ့တဲ့တစ်ပတ်က Chanyeolမေးခွန်းကို အဖြေမပေးနိုင်တဲ့ Baekhyunအကြောင်းကို တွေးမိတိုင်း ရင်ထဲတနုံ့နုံ့ဖြင့် ခံစားရသည်။

အခြေအနေက ဒီလောက်နဲ့မပြီးသွား။ Baekhyunနဲ့ ဟန်ဂျီဟွန်းက ပိုပိုပြီးရင်းနှီးလာတာကို Chanyeol ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရသည်။ Chanyeolကိုဆို အမြဲရှောင်နေတဲ့ Baekhyunက ဟန်ဂျီဟွန်းနဲ့ဆိုရင် တပူးပူးတတွဲတွဲဖြင့် မြင်နေရတာ တကယ်အဆင်မပြေလှပါ။

Chanyeol တွေးမိသလို တကယ်ပဲ Baekhyunနဲ့ ဟန်ဂျီဟွန်းက တွဲနေကြတာလား ?

အဖြေကို မခန့်မှန်းနိုင်တာကြောင့် Chanyeol ဘေးမှာအလုပ်လုပ်နေတဲ့ Baekhyunကို လှမ်းကြည့်လိုက်သည်။ ပုံမှန်အတိုင်း ရုပ်တည်တည်ဖြင့် အလုပ်ကိုသာအာရုံစိုက်လုပ်နေသည်။ သက်ပြင်းချပြီး စိတ်ရှုပ်စွာဖြင့် Chanyeol ဆံပင်ဆွဲဖွလိုက်သည်။

"အားလုံးပဲ နေ့လယ်စာစားချိန်ရောက်ပြီ"

"Baekhyun ကိုယ်နဲ့အတူနေ့လယ်စာ စားကြမလား"

"အာ .. မစားတော့ဘူး Chanyeol Hyungနဲ့ချိန်းထားလို့"

ခံရခက်စွာဖြင့် Chanyeol တစ်ယောက်တည်း ကျန်ခဲ့သည်။

"Baekhyun ကော်ဖီသောက်မလား ကိုယ်လည်းသောက်မှာဆိုတော့ ဖျော်ခဲ့ပေးမယ်လေ"

"အာ .. ရတယ် Chanyeol ဒီကိုမလာခင် ဂျီဟွန်းHyungနဲ့ ကော်ဖီသောက်ခဲ့တယ်.. မသောက်တော့ဘူးနော်"

"Baekhyun ဒီဘောပင်ကို ကိုယ်
အရင်ကမတွေ့ဖူးပါဘူး အပြာရောင်ကြည်ကြည်လေးနဲ့ လှတယ် .. ဘယ်က၀ယ်တာလဲ"

"ဒါ ဂျီဟွန်း Hyung လက်ဆောင်ပေးထားတာ Chanyeol မင်းသိချင်ရင် ငါမေး‌ခဲ့ပေးမယ်"

"ရတယ် ငါမသိချင်တော့ဘူး .."

"အင်း"

ဂျီဟွန်း Hyung ! ဂျီဟွန်း Hyung ! တမင်စကားဝိုင်းဖန်တီးရင်လည်း
အမြဲ Baekhyunဆီက ဂျီဟွန်း Hyungဆိုတာပဲ ကြားနေရသည်။ ကြာလာတော့ Chanyeolလည်း စိတ်မရှည်တော့။ ဒေါသထွက်လာသည်။

Baekhyunက အချိန်တိုလေးအတွင်းမှာ တအားပြောင်းလဲသွားသည်။ နီးကပ်လာသလိုလိုရှိပေမယ့် နောက်ဆုံးတော့ ‌ပိုပြီးဝေးကွာသွားသလိုပင်။ 

First & Last Chapter [ COMPLETED ]Donde viven las historias. Descúbrelo ahora