အပိုင်း [ ၁၆ ]

1.6K 211 14
                                    


(U)

"ကျွန်တော် အားလုံးရဲ့အဝေးကိုထွက်သွားရတဲ့ အကြောင်းအရင်း၊  ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းကို စီနီယာကိုပြောပြချင်တယ်"

စိတ်တည်ငြိမ်အောင်လုပ်ပြီး Baekhyun အရင်ဆုံးပြောလိုက်သည်။

"ကိုယ် နားထောင်ဖို့အသင့်ပါပဲ"

ပထမဆုံးအနေဖြင့် Baekhyun အသက်၀၀ရှူလိုက်သည်။ အတိတ်ကို ပြန်လည်တူးဆွရတာက Baekhyun အတွက်အခက်ခဲဆုံး ဖြစ်သည်။ သို့ပေမယ့် Baekhyunအတွက် အရေးပါလှတဲ့
စီနီယာကိုတော့ မဖုံးကွယ်ထားချင်ပါ။ အရာအားလုံးကိုအမှန်အတိုင်း ပြောပြချင်သည်။

"ကျွန်တော့်အသက် ၁၃မှာအချစ်ဦးကို တွေ့ခဲ့တယ် .. ငယ်သေးတယ်ဆိုတဲ့အရွယ်၊ စိတ်ကစားတယ်ဆိုတဲ့အရွယ် ဆိုပေမယ့် ကျွန်တော် တကယ်ပဲချစ်မိသွားခဲ့တယ် တစ်ခဏအတွက်မဟုတ်ဘဲ တစ်သက်လုံးသူ့တစ်ယောက်တည်းကို ချစ်သွားမယ်ဆိုတဲ့အထိ ကျွန်တော် သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်မိသွားခဲ့တယ်

ချစ်မိနေတာကိုသိလာတဲ့အခါ ခံစားချက်တွေ ပျောက်ကွယ်သွားဖို့ မကြိုးစားတော့ဘဲ အရင်ဆုံး ဒီအခြေအနေကိုလက်ခံဖို့ကြိုးစားခဲ့တယ် ကျွန်တော်တို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေ ... ပြီးတော့သူက ကျောင်းမှာသိပ်နာမည်ကြီးတော့ ကျွန်တော် ချဉ်းကပ်ဖို့ကြောက်ရွံ့ခဲ့တယ် ဒီအတိုင်းငေးကြည့်နေရတာကို ကျွန်တော်ပျော်ရွှင်ခဲ့တယ်

ဒါပေမယ့်လေ ... ကျွန်တော့်အသက် ၁၅မှာ သူနဲ့နီးကပ်ချင်လို့ မရရအောင် သူနဲ့တစ်ခန်းတည်းဖြစ်အောင် ကြိုးစားတယ် ပုံမှန်ဆို ကျွန်တော်ကပျော်ပျော်နေတတ်တဲ့သူဖြစ်ပေမယ့် သူနဲ့ပတ်သက်လာရင်‌၊ သူ့အရှေ့ရောက်သွားရင် ကျွန်တော်ကပြောင်းလဲသွားတယ် မျက်နှာချင်းဆို‌င်မိတဲ့အခါဆိုရင် မရည်ရွယ်ပေမယ့် ကျွန်တော်က အေးစက်စက်ပုံစံဖြစ်သွားတယ် .. ကျွန်တော်တကယ် မရည်ရွယ်ခဲ့ပါဘူး နှလုံးသားထဲကနေဖြစ်တည်လာတဲ့ ရင်ခုန်သံတွေကြောင့် ကျွန်တော့်ရင်ထဲ ဗြောင်းဆန်နေခဲ့တယ်

အဲ့ဒီနှစ်မှာပဲ ကျွန်တော်ကံကောင်းခဲ့တယ်ထင်ပါတယ် ကျွန်တော် သူနဲ့အကြည့်ချင်းဆုံနိုင်ခဲ့ပြီး စကားလည်းပြောနိုင်ခဲ့တယ် ပြီးတော့ ... ပြီးတော့ သူ့ဘက်က 'တွဲကြရအောင်' ဆိုပြီးပြောလာတယ်"

First & Last Chapter [ COMPLETED ]Onde histórias criam vida. Descubra agora