အပိုင်း [ ၇ ]

1.5K 226 18
                                    


(U)

"အားလုံးပဲ မကြာခင်မှာအတန်းဆုံး စာမေးပွဲစတော့မယ် .. ဒီတော့ Samတို့အနေနဲ့ တစ်နှစ်မှတစ်ခါလုပ်ရမယ့် နှုတ်ဆက်ပွဲဆိုတာ ရှိတယ်မလား ဒါကြောင့်
ဒီနေ့ဘာအတန်းမှမရှိဘူး မင်းတို့ ကြိုက်သလိုနေလို့ရတယ် တစ်ခုပဲ ! ဆိုးဆိုးဝါးဝါးကြီးတော့ မလုပ်ရဘူး ဟုတ်ပြီလား"

"ဟုတ်ကဲ့ !"

အတန်းထဲက Samထွက်သွားတာနဲ့ ကျောင်းသားကျောင်းသူတွေအားလုံး ထအော်ကြသည်။ ရုတ်တရက်ဆိုတော့ နားငြီးသွားပေမယ့် Baekhyun လည်းထပ်တူပြုံးလိုက်သည်။

"Baekhyun နင့်ကိုအရင်ငါစာရေးပေးမယ်"

ဆိုပြီး Highlightတစ်ချောင်းယူကာ
ဆိုယူက Baekhyun အင်္ကျီအနောက်ဘက်မှာ စာတစ်ချို့ရေးသည်။ ဒါက ကျောင်းရဲ့ အမြဲလုပ်နေကျမလို့ Baekhyun ထိတ်လန့်သွားခြင်းမရှိပါ။ ပြုံးပျော်စွာဖြင့် ငြိမ်ခံနေလိုက်သည်။

"ပြီးပြီမလား ဒါဆိုငါ့အလှည့်"

Baekhyun Highlight ယူကာ ဆိုယူကျောပေါ်မှာ 'အပျိုကြီးလုပ်ပါ' ဆိုပြီးရေးပေးလိုက်သည်။

"ဘာရေးလိုက်တာလဲ Baekhyun"

"သိချင်ရင် ကိုယ့်ဘာသာကြည့်ပေါ့"

ရယ်ချင်စိတ်ကိုထိန်းရင်း Baekhyun ပခုံးတွန့်ပြလိုက်သည်။

"Baekhyun ငါလည်းရေးလို့ရလား"

"အင်း ရေးလေ"

"ငါရော .. ငါရော"

ဤသို့ဖြင့် အတန်းထဲကသူတွေအပြင် Baekhyun နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကပါ အမှတ်တရစာရေးပေးကြသည်။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း Chanyeolကို Baekhyun ချောင်းကြည့်သည်။

Baekhyun နည်းတူ Chanyeol အင်္ကျီမှာလည်း အမှတ်တရစာတွေက အပြည့်နေရာယူထားသည်။ ပြီးတော့ Chanyeolကလည်း ပြုံးပျော်နေသည်။

အမှတ်တရဖန်တီးချင်တဲ့ စိတ်ကလေးရှိနေတာကြောင့် Baekhyun Chanyeol အနားကိုလျှောက်သွားလိုက်သည်။

"Chanyeol ငါ့ကိုအမှတ်တရစာလေး ရေးပေးမလား"

Highlight ကိုလှမ်းပေးလိုက်တော့ Chanyeol ကယူပြီး မတ်တပ်ရပ်သည်။ Baekhyun အင်္ကျီကော်လံကိုဟပြီး စာတစ်ချို့ကိုရေးနေတာကို Baekhyun ခံစားရသည်။ နီးကပ်စွာရှိနေတာကြောင့် Baekhyun ရင်ခုန်သံမြန်ဆန်လာသည်။

First & Last Chapter [ COMPLETED ]Tahanan ng mga kuwento. Tumuklas ngayon