အပိုင်း [ ၂၂ ]

1.7K 221 9
                                    


(U)

ခေါင်းကိုက်ခဲစွာဖြင့် မနက်ခင်းမှာ Baekhyunနိုးလာသည်။ မရမကမျက်လုံးဖွင့်ဖို့ကြိုးစားပြီး အခန်းထဲရောက်နေတယ်ဆိုတာ သေချာမှ Baekhyun သက်ပြင်းချလိုက်သည်။ တစ်ဆက်တည်း ညကအဖြစ်အပျက်တွေကို ပြန်တွေးကြည့်တော့ စိတ်မကောင်းစွာဖြင့် Baekhyun တစ်ယောက်တည်းထိုင်သောက်နေတဲ့အထိပဲ မှတ်မိသည်။

စိတ်ညစ်စွာဖြင့်ငြီးငြူရင်း အိပ်ရာထကာ ကုတင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။ ဗီရိုထဲက အ၀တ်အစားထုတ်ပြီး တဘက်ယူကာ ရေချိုးခန်းထဲ၀င်သည်။

"ဟင် ?"

မှန်‌ပေါ်မှာထင်ဟပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး Baekhyun အံ့ဩသွားသည်။ ငိုထားတဲ့အတိုင်း မျက်နှာကဖောင်းအစ်နေသည်။ တစ်ခါမှမဖြစ်ဖူးဝာာကြောင့် ပိုပြီးအံ့ဩရသည်။

မနက်စောစောစီးစီး စိတ်မကြည်တော့တာ‌ကြောင့် Baekhyun စိတ်ညစ်လာသည်။ ဘာ‌ကြောင့်မှန်းမသိ ရင်ထဲတင်းကျပ်နေသည်။

အ့ !

ပြင်ဆင်ပြီး အခန်းထဲကအထွက် တံခါးဖြင့် Baekhyunလက်တစ်ဖက်လုံး ညှပ်သွားလေသည်။

နာကျင်မှုအရှိန်ပြင်းထန်တာကြောင့် Baekhyun မျက်ရည်ဝဲလာသည်။ ချက်ချင်းရောင်ကိုင်းသွားတဲ့ ဘယ်ဘက်လက်ကိုကြည့်ရင်း အလိုလိုငိုချင်သွားသည်။

ဒီနေ့က Baekhyunအတွက် ကံဆိုးတဲ့နေ့များလား ?

အခန်းထဲပြန်၀င်ကာ နာကျင်နေတဲ့လက်ကို ဆေးထည့်ပြီးပတ်တီးစည်းလိုက်သည်။ မနက်စာကိုယ်တိုင်လုပ်ဖို့လည်း စိတ်မပါ‌တော့တာကြောင့် သက်ပြင်းချရင်း ရုံးသွားဖို့သာ ဦးတည်လိုက်သည်။

——

ဒီမနက်ခင်းက Chanyeolအတွက် အဆိုးရွားဆုံးဆိုရမည်။ တစ်ညလုံး မျက်လုံးကြောင်နေပြီး အိပ်မပျော်တာကြောင့် Chanyeol ပိုပြီးဒေါသထွက်သည်။

တစ်ညလုံး Chanyeolအတွေးကို စိုးမိုးထားသူက Baekhyun ။ Baekhyunပြောခဲ့တဲ့ စကားတစ်ခွန်းစီတိုင်းကို Chanyeolနားထဲ အတိုင်းသားပြန်ကြားနေရသည်။

တခြားကိစ္စတွေးပြီး မေ့ပစ်ဖို့ကြိုးစားကြည့်ပေမယ့်လည်း Chanyeol ရှုံးနိမ့်ခြင်းနဲ့သာ တွေ့ဆုံခဲ့ရသည်။ တစ်ရေးမှမအိပ်ရသေးတာကြောင့် အလိုလိုမျက်မှောင်ကျုံ့ထားမိသည်။

First & Last Chapter [ COMPLETED ]Where stories live. Discover now