အပိုင်း [ ၃ ]

1.7K 229 12
                                    


(U)

"ငါနဲ့တွဲကြရအောင်"

Baekhyun ခေါင်းထဲဗလာနတ္ထိ ဖြစ်သွားသည်။ နားကြားမှားသလားလို့တောင် ထင်ရတဲ့အထိ Chanyeol ပုံစံက အေးစက်စက်ဖြစ်နေသည်။ ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်ခြောက်ကပ်နေပြီး ကြက်သီးထစရာကောင်းလာသည်။

စတင်ပြီး Baekhyun ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ‌မဟုတ်ဘူးလေ ... Baekhyun လိုချင်တာ ဒီလိုအခြေအနေ မဟုတ်ဘူး။ လောဘကြီးမိမှာဆိုလို့ အဝေးမှာရှိနေခဲ့တာ။ ဘယ်လိုဖြစ်ပြီး ဒီကိစ္စမျိုးက ...

"ငါနဲ့တွဲမလား"

"Chanyeol.. မင်း .."

"ကျစ်! ငါ့မှာအချိန်မရှိဘူး မြန်မြန်ဖြေ"

Baekhyun မရဲတရဲဖြင့် Chanyeolကို မော့ကြည့်လိုက်သည်။ စိတ်ထဲပါလို့ပြောနေတာလား ဒီအတိုင်းပြောနေတာလားဆိုတာ မသိရတဲ့အထိ ChanBaekမျက်နှာက ခန့်မှန်းဖို့ခက်ခဲသည်။

"တွဲမယ် !"

Baekhyun မျက်လုံးစုံမှိတ်ပြီး ပြောလိုက်သည်။ တစ်ခါလောက် လောဘကြီးချင်သည်။ တစ်ခါလောက် Chanyeol ရဲ့သက်ဆိုင်သူအဖြစ် နေကြည့်ချင်သည်။

ခဏကြာပြီးတဲ့အထိ ဘာအသံမှ ထပ်မကြားရတော့တာကြောင့် Baekhyun အသာလေး မျက်လုံးဖွင့်ကြည့်လိုက်သည်။

Chanyeol မရှိတော့ပါ။

Baekhyunကို တစ်ခွန်းမှ ထပ်မပြောဘဲ တစ်ယောက်တည်းထွက်သွားသည်။ ပွေ့ဖက်တာတောင် မလုပ်ဘဲ Baekhyunကို တစ်ယောက်တည်း ထားသွားသည်။

Baekhyun ဆောင့်ကြောင့်ထိုင်ချပြီး တုန်လှုပ်နေတဲ့စိတ်အစုံကို ဖြေလျှော့လိုက်သည်။

Baekhyun မှားသွားတာလား ?
စကားတစ်ခွန်းလောက် ထပ်မပြောချင်လောက်အောင် Baekhyunကို မုန်းနေတာလား ? Baekhyun.. Baekhyun ကရော ဘာမှမခံစားရဘူးတဲ့လား ?

အများနဲ့ဆက်ဆံတဲ့ Chanyeolနဲ့ Baekhyun တစ်ယောက်တည်းကို ဆက်ဆံတဲ့ Chanyeolက မိုးနဲ့မြေလို ကွာခြားလွန်းလှပါသည်။

ဘာကြောင့်များလဲ ?

"ဘာလို့‌တလွဲ လျှောက်တွေးနေတာလဲကွာ .. အခုမင်းတို့တွဲခွင့်ရပြီလေ ဘာမှမဖြစ်ဘူး !"

First & Last Chapter [ COMPLETED ]Où les histoires vivent. Découvrez maintenant