第五章 (အခန်း ၅)

202 20 5
                                    

[Unicode]

ဟွားလောင်ယု သတိလစ်သွားသည့်အကြောင်းရင်းကို နားမလည်သောမုရုံရှင်းမှာ ပူပန်လာတော့သည်။ (နင့်ရဲ့ရုပ်တရက်တိုက်ခိုက်မှုကြောင့်ဆိုတာ အရှင်းကြီးလေဟဲ့!)

အိပ်စက်အနားယူစဉ် ပိုသက်တောင့်သက်သာဖြစ်စေရန် မုရုံရှင်းသည် လက်ထိပ်၊ခြေထိပ်များနှင့် အဆို့လုံးငယ်ကို ဖြုတ်ကာ အိပ်ရာဘေးဗီရိုပေါ် တင်လိုက်ပြီး ဟွားလောင်ယုအပေါ် စောင်ပါးလေးခြုံပေးလိုက်သည်။

မုရုံရှင်းသည် ဟွားလောင်ယုဘေးတွင်လဲလျောင်းကာ အိပ်စက်နေသောအေးချမ်းသည့်မျက်နှာလေးကို ငေးကြည့်ပြီး ချစ်စဖွယ်မျက်နှာလေးနှင့်လိုက်ဖက်လှသည့် စွဲမက်ဖွယ်နှုတ်ခမ်းပါးနှစ်လွှာကို ထိန်းမထားနိုင်စွာ အနမ်းခြွေလိုက်သည်။ (ငါ့ရဲ့အနမ်းဉီးလေးတော့ သွားပါပြီ!!!)

နမ်းပြီးနောက် အိပ်ရာထက်တွင် ဆက်ပြီးလဲလျောင်းကာ ချမ်းမြေ့ပျော်ရွှင်ဖွယ် အိပ်စက်မှုအခြေအနေကို မုရုံရှင်းမှာ ကျေနပ်စွာပျော်ဝင်နေလေသည်။

ယခုတွင်အိပ်ပျော်သွားသောမုရုံရှင်းဘေးတွင် လဲလျောင်းနေသောဟွားလောင်ယုသည် ရုပ်တရက်နိုးလာသည်။သူမ၏အကျင့်အတိုင်း မျက်လုံးပွတ်လိုက်သောအခါ လက်ထိပ်မခတ်ထားသည်ကိုသိသွား၍ အံ့သြသွားလေသည်။သူမနံဘေးကလူ၏အသက်ရှုသံဖျဖျကို ကြားလိုက်သည့်အခါ ဟွားလောင်ယုမှာ သူမလွတ်မြောက်မည့်အခွင့်အရေးကို မြင်သွားသည်။

ထို့ကြောင့် ဟွားလောင်ယုသည် အိပ်ရာမှ ဂရုတစိုက်အသာလေးထကာ မှန်ဗီရိုထဲမှ ဝတ်ဖို့ကျရာအဝတ်အစားတစ်စုံ ထုတ်ယူလိုက်သည်။ထိုတစ်လျှောက်လုံးတွင် သူမ၏မျက်လုံးများမှာတော့ အိပ်ပျော်နေသောမုရုံရှင်း၏ဆွဲဆောင်မှုရှိသောမျက်နှာပေါ် ကျရောက်နေသည်။အသက်တစ်ရှိုက်ရှူထုတ်ပြီးနောက် အိမ်ပြန်ရန်ကြိုးပမ်းမှုဖြစ်သော တံခါးဆီသွားကာ တံခါးချက်ချလိုက်သည်။

လမ်းလျှောက်နေသည့်တစ်လျှောက်လုံး ဟွားလောင်ယုမှာ ရေခဲတုံးပေါ်လျှောက်နေရသည့်အလား ခိုက်ခိုက်တုန်နေသည်။အန္တရာယ်များကို ညအချိန်တွင်လုပ်ဆောင်ရန် သင့်တော်လှပေသည်။

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Место, где живут истории. Откройте их для себя