第八章 (အခန်း ၈)

173 18 0
                                    

第八章 (အခန်း ၈)

ည ၁၁နာရီ ၂၀မိနစ်။

မုရုံရှင်းပြန်လာသောအခါ ဟွားလောင်ယုရှိရာအိပ်ခန်းဆီ တန်းဝင်လာလိုက်သည်။သူမမှာ ရှူးရှူးမပေါက်မိရန် ဘဝနှင့်ရင်းပြီး ထိန်းထားနေရသည်။

အချိန်အကြာကြီးထိန်းချုပ်ထားသည့်ရလဒ်ကြောင့် ဟွားလောင်ယုမှာ မုရုံရှင်းလက်ထဲက ခရီးဆောင်အိတ်ကို သတိမပြုလိုက်ချေ။ထိုအစား မုရုံရှင်းက သူမကို လွတ်ငြိမ်းခွင့်ပေးရန် အကောင်းဆုံးပေးသိနေသည်။

ဟွားလောင်ယု ရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါ မုရုံရှင်းမှာ မျက်မှောင်ကြုတ်လိုက်သည်။ဟွားလောင်ယုက သူမကိုမုန်းနေဆဲဟု တွေးထင်သွားသည်။

(ငါ ထပ်ပြီးထိန်းမထားနိုင်တော့ဘူး!!!)

ထိုအကျိုးဆက်ကြောင့် ကုတင်ပေါ်က ဟွားလောင်ယု၏ရမ်းကားသောအကြည့်ကို လျစ်လျူရှုလိုက်သည်။သူမအဝတ်အစားများထဲမှ အလုပ်ယူနီဖောင်းကို သတိရသွားပြီး ခရီးဆောင်အိတ်ထဲထဲတွင် မွှေရှာလိုက်သည်။

ရုတ်တရက် ကုတင်ပေါ်က လှုပ်ရှားမှုများ ရပ်တန့်သွားသည်။မုရုံရှင်းလည်း ရွေးထုတ်နေသည်ကိုရပ်ကာ လှည့်ကြည့်လိုက်သည်။မျက်လုံးအကာအောက်က ဟွားလောင်ယု၏ဗလာမဲ့မျက်လုံးအကြည့်များက စောင်ကာထားသော မှန်ကွဲပြတင်းပေါက်ဆီ ကျရောက်နေသည်ကို သူမ မြင်လိုက်သည်။ထို့ပြင် ဟွားလောင်ယု၏ကိုယ်အောက်ပိုင်း ရွှဲရွှဲစိုနေသည်ကို သတိထားမိလိုက်သည်။

ဟွားလောင်ယု သူမကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားခဲ့သည့်အကြောင်းရင်းကို မုရုံရှင်း ရုတ်တရက်နားလည်လိုက်သည်။

ယခုအခါတွင်တော့ ဟွားလောင်ယုမှာ သူမစိတ်ထဲကလိုလီတဧကရီ၏ လှောင်ပြောင်သရော်ခံနေရလေပြီ။မုရုံရှင်း၏အကြည့်စူးစူးက သူမအပေါ်ကျရောက်နေသည်ကို ခံစားမိသောအခါ သူမသိက္ခာများရေစုန်မြောသွားကုန်ပြီဟု တွေးလိုက်မိသည်။

ငေးကြောင်ကြောင်စိုက်ကြည့်ပြီး မုရုံရှင်းသည် သူမကို ​လက်ထိပ်၊ခြေထိပ်များဖြုတ်ပေးလာသည်။ထို့နောက်တွင် ဟွားလောင်ယုမှာ အလင်းစူးနေ၍ မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။သို့သော်လည်း သူမမှာ မလှုပ်မယှက်နေမိဆဲပင်။

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Onde histórias criam vida. Descubra agora