第十章 (အခန်း ၁၀) ဇာတ်သိမ်း

314 22 0
                                    

第十章 (အခန်း ၁၀) ဇာတ်သိမ်း

မနက်ခင်း။

နိုးလာသောအခါ မုရုံရှင်းခံစားမိသည့် ပထမဆုံးအရာမှာ သူမ၏လက်မောင်းများ နာကျင်နေတာကိုဖြစ်သည်။

သူမ၏မနက်ခင်းပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း မျက်နှာကို နှိပ်နယ်ကာ သူမ၏လက်များပေါ်တွင် သွေးနှင့် အခြားသောအနံ့ရောထွေးနေသည်ကို တွေးတောလိုက်သည်။

သူမ ထသောအခါ နံဘေးမှ အံကြိတ်သံကို ကြားလိုက်သည်။သူမကိုယ်ကို လှည့်လိုက်သောအခါ ဘေးနားကဟွားလောင်ယုကို လက်ထိပ်၊ခြေထိပ်များနှင့်တွေ့လိုက်ရသည်။သူမ၏ကိုယ်အပေါ်ပိုင်းမှာ နီပုပ်ပုပ်အမှတ်ရာများ ဖော်လှစ်နေပြီး ကိုယ်အောင်ပိုင်းတွင်လည်း အချစ်မှတ်နီနီများမှာ ပန့်စ်ဘောင်းဘီဆွဲဖြဲခံထားရ၍ မြင်သာလှသည်။

မုရုံရှင်းသည် သူမလုပ်ခဲ့သောကိစ္စကို ရုတ်တရက်မှတ်မိလာသည်။ထို့နောက် အိပ်ရာမှခက်ခက်ခဲခဲထကာ ရေသန့်စင်ရန် ရေချိုးခန်းထဲ ဝင်လိုက်သည်။

သူမပြန်လာသောအခါ အိပ်ရာပေါ်ကလူလည်း နိုးနေပြီဖြစ်သည်။

ဟွားလောင်ယုသည် သူမတစ်ကိုယ်လုံးနာကျင်မှုကို မအံ့သြသည့်အပြင် မုရုံရှင်း၏အနေခက်စွာတိတ်ဆိတ်နေမှုကိုလည်း လျစ်လျူရှူကာ ​လက်ထိပ်ခြေထိပ်များဖြုတ်ပေးရန်သာ ကိုယ်ဟန်ပြလိုက်သည်။

မုရုံရှင်း၏အကူအညီဖြင့် သူမမှာ အတွင်းခံဝတ်နိုင်သွားပြီ။သူမ၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသောမုရုံရှင်းကို ဟွားလောင်ယုသည် တည်ငြိမ်စွာကြည့်လိုက်သည်။

“အတူတူနေရအောင်”

“!!!”

မုရုံရှင်း၏မျှော်လင့်သောအကြည့်ကို မြင်သောအခါ ဟွားလောင်ယုမှာ အင်တင်တင်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမဲ့ အရင်ကလို ငါ့ကိုမဆက်ဆံရဘူး”

“ဒါကတော့ အချစ်က ကိုယ့်ကိုထားခဲ့ဖို့တွေး မတွေးအပေါ်မူတည်တယ်”

“ငါ တွေးရင်ရော?”

“ဒါဆို အချစ်ရဲ့လက်ကောက်ဝတ်နှင့်ခြေချင်းဝတ်ကို ချိုးပစ်မှာ၊ ပြီးတော့ ကိုယ်နှင့်အတူနေချင်တဲ့အထိ အချစ်ရဲ့ဘေးနားမှာစောင့်နေမယ်”

🎉 Hai finito di leggere 'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation] 🎉
'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Dove le storie prendono vita. Scoprilo ora