[Unicode]
ဟွားလောင်ယုကို ပြုစုလိုက်ပြီးနောက် သူမသည် ဤမူးမေ့သွားသောလူကို တိတ်တဆိတ်စူးစမ်းတော့သည်။
အစောပိုင်းက တအီအီအော်ငိုထားသောကြောင့် ဟွားလောင်ယု၏ပါးမို့မို့များမှာ နီရဲနေပြီး အသက်ရှုသံကလည်း မပြေမပြစ်ဖြစ်နေသည်။ထိုပုံစံလေးက သူမကို အစာကျွေးရန်စောင့်မျှော်နေသည့် ချစ်စရာအကောင်ပေါက်လေးတစ်ကောင်နှင့် တူသွားစေသည်။ (နင်ပဲ အကောင်!)
ဟွားလောင်ယု၏ခြေလက်များကို ရုန်းခဲ့သောကြောင့် ကြိုးချည်ခံထားရသောလက်ကောက်ဝတ်နှင့်ခြေချင်းဝတ်နေရာများမှာ အနီရောင်အရာကြောင်းများ ကျန်ရှိခဲ့သည်။မုရုံရှင်းမှာ သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းငှာမတတ်နိုင်တော့၍ ထိုကအရာကြောင်းလေးခုလုံးပေါ်သို့ အနမ်းများကြဲချလိုက်သည်။
“ငါက နင့်ကို ချစ်လာစေချင်ရုံပါ၊ ဒါဆိုရင် ငါ့စိတ်ကြိုက် နင်နှင့်အတူလုပ်လို့ရနိုင်မှာ” တောင့်တင်းသောအသံနေအသံထားက သူမကိုယ်သူမပဲပြောနေသလား တစ်ဖက်လူကိုပဲပြောနေသလားကတော့ ခန့်မှန်းရခက်လှပေသည်။
ဟွားရုံရှင်းကို လက်ထိပ်နှင့်ခြေချင်းခတ်များ ခတ်ရာတွင် အခက်မကြုံရသော်လည်း ပြန်ဖြုတ်ကာ ကြိုးစည်းနှင့် အစားထိုးချည်လိုက်သည်။ထိုသို့မချည်ခင်က သူမသည် မျက်လုံးအကာနှင့် အလုံးသေးသေးလေးကို အိပ်ရာဘေးဗီရိုပေါ်တွင် တင်ထားသေးသည်။ချည်တုပ်ပြီးသည့်နောက် သတိလစ်နေသောဟွားလောင်ယုပေါ်သို့ ခြုံစောင်အပါးလေးခြုံပေးလိုက်သည်။ပြီးနောက် အခန်းပြင်သို့ထွက်သွားလိုက်သည်။ဘာလုပ်ဖို့လဲဆိုတာတော့ မည်သူကမှ မသိကြချေ။
မုရုံရှင်းဟာ ဟွားလောင်ယုကို မြင်မြင်ချင်းမှာပင်အချစ်အပေါ် နစ်ဝင်သွားသည်မှာ အမှန်ပင်။သူမသည် လိင်အမျိုးအစားအပေါ် ဂရုစိုက်သူမဟုတ်ချေ။ခံစားချက်အပေါ်သာ အလေးထားသူပင်။ဟွားလောင်ယုကို ပြုစုပေးသည့်အချိန်တည်းက သူမကို အပိုင်အဖြစ်သတ်မှတ်ထားလိုက်ပြီးဖြစ်သည်။
သူမတို့ကို အရေးမစိုက်သောမည်သူကမှ သူမကို လုယူ မ,သွားစေရ။သူမက ငါ့အပိုင်ပဲ။
ESTÁS LEYENDO
'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]
Historia Corta'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် E-Title: As an Otaku Me Met a Yandere Her Associated Names: 身为宅女的我遇到病娇的她 Type: Webnovel (CN) Status: 10chapters+1bonus (completed) Author: Zhìài Kāqiūshā Dé Xiǎoménglóng 挚爱喀秋莎得小朦胧 E_Translator: ****...