第七章 (အခန်း ၇)

183 20 1
                                    

[Unicode]

ဘာလို့ ဟွားလောင်ယုငိုနေတာလဲ? အင်း ငါ့အတွေးကို မြင်လို့ပဲဖြစ်ရမယ်။ (*ဘူးဝူး* ငါမကြည့်ရသေးတဲ့ animeတွေအများကြီးကျန်သေးတာ်လေ၊ ဘာလို့လဲ? ဒီယန်ဒဲရဲမကြီးသတ်တာကို ငါက ဘာလို့ ခံရမှာလဲ? အမွှေးပွစောင်လေးတွေရေ နင်တို့ကိုထိတွေ့ဖို့ အခွင့်အရေးတွေ နောက်ခါကျရင် ရှိတော့မှာမဟုတ်ဘူး *ဝူး ဝူး ဝူး*)

ရုပ်တရက် အိပ်ရာပေါ်သို့ တခြားတစ်ယောက်တက်လာသည်ကို သူမ ခံစားမိသောအခါ ဟွားလောင်ယုမှာ အငိုတိတ်ကျကာ အေးခဲသွားစေသည်။

“ဘာကြောင့် ထွက်ပြေးရတာလဲ?”

(ဘာတွေလာမေးနေတာလဲ?)

“ဓာတ်ပုံထဲကအဲဒီအမျိုးသမီက နင်သဘောကျနေတဲ့လူလား?”

(နင် ငါ့ပစ္စည်းတွေ လျှောက်ကိုင်ကုန်တာလား!?)

“ဘာလို့ တစ်ခွန်းမှ မပြောတာလဲ ဟင်?”

(နင်ပဲ ငါ့ကို ပါးစပ်ဆို့ပိတ်ထားတာလေ!)

မုရုံရှင်းသည် ဒေါသခြောင်းခြောင်းထွက်ကာ ခေါင်းခါယမ်းနေသော ဟွားလောင်ယုကို ကြည့်လိုက်သည်။နူးညံ့သောနှုတ်ခမ်းတွင်းဆို့ထားသော အလုံးလေးကို သူမသည် နှမြောတသစွာထုတ်ပေးလိုက်သည်။ထိုသို့ထုတ်သောအခါ ငွေမျှင်တန်းလေးများ ဖြစ်ပေါ်လာလေသည်။

“ဘာလို့ ငါ့ပစ္စည်းတွေ ထိတာလဲ?”

သူမချစ်ရသောသူဆီမှ အေးစက်စက်မေးခွန်းကြားလိုက်ရသောအခါ မုရုံရှင်း၏နှလုံးသားမှာ အေးခဲသွားတော့သည်။

“ဟုတ်တယ် သူမက ငါချစ်တဲ့သူပဲ!” မုရုံရှင်းက သူမအပေါ်လက်လျှော့သွားစေရန် ဟွာူလောင်ယုသည် နားလည်မှုလွဲနေသောကိစ္စကို ရှင်းလင်းရန်ဆုံးဖြတ်တော့သည်။

သို့သော်လည်း ဤစကားများကို သူမ ရည်ရွယ်ပြောသည့်လူ,မုရုံရှင်းက ယန်ဒဲရဲတစ်ယောက်ဆိုသည်ကိုတော့ သူမ မေ့လျော့နေခဲ့သည်။

“ငါ့….. အမ်း အမ့်အမ့်…….”

သူမစကားဆုံးအောင်ထိပင်မပြောသေးဘဲ ဟွားလောင်ယုမှာ သူမ၏ပါးစပ် ထပ်အပိတ်ခံလိုက်ရပြန်သည်။ဤတစ်ကြိမ်မှာတော့ ဘာလို့ လျှာတစ်ခုလိုဖြစ်နေတာလဲ?

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]حيث تعيش القصص. اكتشف الآن