第六章 (အခန်း ၆)

181 18 3
                                    

[Unicode]

“ဟေ့ ကြည့်လိုက်၊ အဲဒါက ကပ်လျက်အခန်းက ရေခဲတုံးကြီး မဟုတ်လား?”

“ဟုတ်တယ် သူမပဲ၊ ဒီကို ဘာလို့လာတာတဲ့လဲ? ဒီအခန်းထဲက တစ်ယောက်ယောက်က သူမကိုဒေါသထွက်စေလို့လား?”

“ငါ ကြားထားတာရှိတယ်၊ အရင်တစ်လောကလေ အတန်းXက အဆိုးအသွမ်းတစ်ယောက်က သူမကိုအနှောင့်အယှက်ပေးခဲ့လို့ နောက်တစ်နေ့မှာ သူတို့ခြေတွေ ကျိုးကုန်တာပဲတဲ့”

“အမလေး! “

“ရှူး….. စကားမပြောကြနဲ့တော့၊ သူမ အခန်းထဲ ဝင်လာပြီဟ”

မုရုံရှင်းသည် စပ်စုသူများနှင့်အတန်းထဲမှပူပန်သောအကြည့်များကို လျစ်လျူရှူထားသည်။စာပို့ချခုံဆီသွားပြီး အတန်းအချိန်ဇယားမှ ကိုယ်ပိုင်လေ့လာချိန်တာဝန်ကျကြီးကြပ်သူကိုဘေးဖယ်စေကာ ကျောင်းသူစာရင်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ခေါင်းငုံ့ကာ စာသင်ခုံပေါ်တွင်ရေးကာ နေရာချထားသောကျောင်းသူစာရင်းကို ငုံ့ကြည့်လိုက်သည်။

XXXဟူသည့် နာမည်သုံးလုံးကို မြင်သောအခါ သူမသည် ထိုကျောင်းသူ၏ခုံနေရာဆီလျှောက်လှမ်းလေသည်။XXXမှာ သူမက မုရုံရှင်း၏ ပစ်မှတ်သားကောင်မှန်း သိသွားသောအခါ ဖတ်စာအုပ်ကိုပင်အာရုံမစိုက်နိုင်သည်အထိ ကြောက်ရွံ့လာတော့သည်။

“ငါနှင့် အပြင်လိုက်ခဲ့” ထိုစကားပြောပြီးသောအခါ မုရုံရှင်းသည် အတန်းထဲမှလှည့်ထွက်လိုက်ကာ အခန်းကိုအုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့လိုက်သည်။

XXXရဲ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုအပေါ် အကြည့်စိုက်ပြီး မုရုံရှင်းသည် သူမသိချင်သည်ကို တဲ့မေးပစ်လိုက်သည်။

“အင်း ဒါက…. မနေ့က ဆရာမဇာတ်ကောင်ဝတ်ထားတဲ့လူက ဟွားမျိုးရိုးနှင့်ထင်တယ်၊ ကျွန်မ အိမ်မှာရှိတဲ့အခါတိုင်း သူမ တံခါးကနေထွက်တာကို တစ်ခါမှမမြင်မိဖူးဘူး၊ အိမ်လိပ်စာက XXX၊ OOOလမ်း၊ XX လမ်းခွဲပါ”

XXX သည် မုရုံရှင်း၏အမေးကို သူမသိသမျှဖြေပေးလိုက်ပြီး ထွက်သွားရန်ခွင့်ပြုချက်ရသည့်အခါ အတန်းထဲသို့ သုတ်ခြေတင်ပြေးတော့သည်။

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Tempat cerita menjadi hidup. Temukan sekarang