第四章 (အခန်း ၄)

246 16 6
                                    

[Unicode]

ဟွားလောင်ယုသည် သူမ၏ရှေ့တွင် သေမလိုမျက်နှာနှင့်ကြည့်နေသောသူကိုတွေ့လိုက်သည်။သူမ၏ပါးစပ်မှာဆို့ပိတ်ထားခံရသည့်တိုင် မထိန်းနိုင်စွာ စူးရှစွာအော်ဟစ်လိုက်မိသည်။ထိုအသံက မုရုံရှင်းအတွက်မူ သူမကို မြင်လိုက်ရ၍ကြည်နူးမှုအော်ဟစ်သံဖြစ်နေသည်။ (တခြားအမြင်တွေနှင့် မမြင်စမ်းပါနဲ့ဟာ *သက်ပြင်းချ*)

“လောင်ယု စိတ်မပူပါနဲ့၊ ငါ ကျွေးမှာပါ”

အလုံးငယ်ကို ဖယ်ပေးခံပြီးသည့်နောက် သူမမှာ မူမမှန်သောအသက်ရှုနှုန်းကို ညှိယူရန် အချိန်ခဏယူပြီးမှ ခေါက်ဆွဲရှုပ်စားရန်ပြင်လိုက်သည်။ဟွားလောင်ယုသည် သူမ၏လက်ထိပ်ခတ်ထားသောလက်ကို မျက်နှာနားဆီမြှောက်ကာ လူနှစ်ယောက်စာအထိ ဗိုက်ပြည့်အောင်စားပစ်လိုက်သည်။

သူမက အန္တရာယ်ရှိသောအခြေအနေတွင်ရှိသည်ကိုသိပြီးနောက် ဟွားလောင်ယုသည် အေးစိမ့်စိမ့်လူကို အကြည့်တစ်ချက်ခိုးကြည့်လိုက်သည်။ထိုတိတ်တခိုးအကြည့်ကိုမြင်သောအခါ ပြုံးရင်း (အရမ်းကို အန္တရာယ်များတယ်လို့ ခံစားရတဲ့ အပြုံးကြီးလေ) ဧည့်ခန်းဆီ ဦးတည်ထွက်လိုက်သည်။

ဟွားလောင်ယုကို နားချိန်လေးပင် မပေးဘဲ မုရုံရှင်းသည် ကတ်ကြေးတစ်လက်နှင့် ပြန်ဝင်လာပြီး ဟွားလောက်ယုဆီ ချိန်ထိုးလာသည်။

“ဘာလုပ်တာလဲ!!! ကျေးဇူးပြုပြီး တွေးပေးပါဦး…… အား…”

ဟွားလောင်ယု၏စကားဆုံးအောင်ထိပင်မစောင့်ဘဲ အလုံးငယ်ဖြင့် ပြန်ဆို့ပိတ်လိုက်ကာ ဟွားလောင်ယုကြောက်နေသောကတ်ကြေးဖြင့် သူမ၏အဝတ်အစားကို တဖြည်းဖြည်း ညှပ်လိုက်လေသည်။

(ဇာတ်ကောင်ဝတ်စုံတွေ!!! ဒါတွေက စျေးကြီးတယ်လို့!!!)

မုရုံရှင်းသည် အတွင်းခံကျန်ရုံအထိ ညှပ်လိုက်ပြီး ထွက်သွားလေသည်။တုန်ယင်နေသောဟွားလောင်ယုကို အခန်းထဲ တစ်ယောက်တည်း ချန်ထားခဲ့သည်။

ဟွားလောင်ယုသည် လိုလီတဧကရီကို ကြံမိကြံရာ အကူအညီတောင်းလိုက်သည်။

“(⊙o⊙) ဝေါင်း ဒီဇာတ်ကဖို့ မစ္စရယ် ပြင်ဆင်စီစဥ်လိုက်ပြီပေါ့?”

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Donde viven las historias. Descúbrelo ahora