第九章 (အခန်း ၉)
မညှာမတာ ရိုက်နှက်ခံလိုက်ရ၍ ကြမ်းပြင်ပေါ်လဲကျနေသောဟွားလောင်ယုကို စိုက်ကြည့်နေသောမုရုံရှင်း၏မျက်နှာမှာ အန္တရာယ်များသောအငွေ့အသက်များ တိုးပွားနေသည်။သူမဦးခေါင်းထဲတွင် ထူးဆန်းသောညှို့ဓာတ်အပြည့်ရှိသောအသံကို နားထောင်ရင်း မုရုံရှင်းသည် ဟွားလောင်ယုကို ကော်လံမှဆွဲကာ အိပ်ခန်းထဲ တရွတ်တိုက်ဆွဲသွားလေသည်။
(ဟွားလောင်ယု: ငါက တကယ်ကြီးတရွတ်တိုက်ဆွဲခံလိုက်ရတယ်တဲ့!!!)
【လိုလီတဧကရီ: မစ္စကို ရိုက်ချခံရမယ်လို့ ကျွန်မ မထင်ထားလိုက်ဘူး】
(ဟွားလောင်ယု: အခုတော့ ငါဘာလုပ်ရတော့မလဲ?”)
【လိုလီတဧကရီ: ကျွန်မကို လာမကြည့်ပါနဲ့၊ အခုတော့ လုပ်သင်တဲ့ကိစ္စတွေအတွက်အကြံရော ဘယ်သူ့ဘက်ကနေရမယ်ဆိုတဲ့အတွေးရော ကျွန်မမှာ ဘာမှမရှိတော့ဘူး】
(ဟွားလောင်ယု: …….)
ရွှဲရွှဲစိုနေသောအိပ်ရာခင်းကို ဆွဲဖြုတ်လိုက်ပြီး အနားရှိစောင်တစ်ထည်နှင့် အစားထိုးခင်းလိုက်ပြီးနောက်ဟွားလောင်ယုကို ထိုအပေါ် အကြမ်းပတမ်းတွန်းချလိုက်သည်။
သတိလစ်နေဆဲဖြစ်သော ဟွားလောင်ယုမှာ သူမကိုယ်တိုင်ကြောင့်လား သူမခေါင်းထဲကအသံကြောင့်ပဲလားမသိစွာ ချုက်လောင်ခံလိုက်ရသည်။မုရုံရှင်းမှာတော့ အသိစိတ်ပျောက်ကာ ဟွားလောင်ယု၏အဝတ်အစားများကို သူမခန္ဓာကိုယ်မှ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကြမ်းတမ်းစွာဆွဲဖြဲကုန်လိုက်ပြီး ဟွားလောင်ယု၏(*ဘူးဟူးဟူး*…. ဆင်ဆာစကားလုံး)နေရာဆီ ရောက်မှ ရပ်လိုက်သည်။
ဟွားလောင်ယု သတိပြန်လည်လာသောအခါ သူမမှာ အရမ်းနာကျင်နေပြီး ထိုနာကျင်မှုသည်တဖြည်းဖြည်းသာယာမှုအဖြစ်ပြောင်းလဲလာပြီးနောက် ထပ်မံသတိမေ့မြောပြန်တော့သည်။
【လိုလီတဧကရီ: မစ္စ ခဏခဏမေ့မြောတဲ့ခံစားချက်ကို ကျွန်မ စာနာနားလည်ပါတယ်】
(ဟွားလောင်ယု: ငါ နင့်ကိုဖမ်းမမိဖို့ ဆုတောင်းထားလိုက် မန့်လုံ! မဟုတ်ရင် နင့်ကိုသင်ခန်းစာပေးဖို့ မုရုံရှင်းကို သင်ပြစေမယ်)
YOU ARE READING
'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]
Short Story'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် E-Title: As an Otaku Me Met a Yandere Her Associated Names: 身为宅女的我遇到病娇的她 Type: Webnovel (CN) Status: 10chapters+1bonus (completed) Author: Zhìài Kāqiūshā Dé Xiǎoménglóng 挚爱喀秋莎得小朦胧 E_Translator: ****...