第二章 (အခန်း ၂)

335 28 3
                                    

第二章 (အခန်း ၂)

"ဟေ့ ဒါက ငါတို့ကျောင်းက ဆရာမ မလား?"

"ဇာတ်ကောင်(cosplay)ကြီးနှင့် တူတယ်နော်?"

"ဝိုး သူမက အရမ်းချစ်စရာကောင်းတာပဲ!"

အမှန်ပဲ! စာဖတ်မှားတာလည်းမဟုတ်သလို စိတ်ချောက်ချားလို့လည်း မဟုတ်ပါဘူးနော်။ဒါတွေက ဟွားလောင်ယု ကြုံနေကျပါပဲ။အရှေ့တံခါးပေါက်ကို သူမ ဖြတ်လာတဲ့အခါ လူအားလုံးအံ့သြသွားတဲ့ မိန်းကလေးသီးသန့်ကျောင်းမြေပေါ် ခြေချလိုက်ရတယ်။

သူမ သွားချင်တဲ့နေရာတိုင်းကနေ အဲ့ဒီလိုမှတ်ချက်တွေကြားနေရတော့ မေးချင်စရာရှိတဲ့ဒီလူက အခုတော့ စကားဟဖို့တောင် ရှက်ရွံ့နေရပြီလေ။

လိုလီတဧကရီလည်း ဒီလိုအသုံးမကျလှတာတွေကို ဆက်မကြည့်နိုင်တော့လို့ ဟွားလောင်ယုကို သူမကပဲ ကူညီလမ်းညွှန်ပေးဖို့ ဆုံးဖြတ်လိုက်ရတယ်။

"ဟေ့ ရှေ့ကညီမလေးပဲ၊ မစ္စလေးရဲ့ရှေ့တည့်တည့်ကလေ၊ တစ်ခြားသူတွေနဲ့ ဘာဘာညာညာအလုပ်ရှုပ်မဲ့အစား ဒီအစ်မကြီးနှင့် အချစ်ဇာတ်ကပြဖို့ ပူးပေါင်းလိုက်ပါလား?"

ထိုသို့ ပြောပစ်လိုက်ခါမှ ဟွားလောင်ယုကို မှင်သက်သွားစေသည်။ထိုထိုဤဤအတွေးများမှာ ဒီလိုပင် ဝါးတားတားဖြစ်သွားရ.... အကယ်၍ သူမ၏ဘဝတစ်ခုလုံးကို သာမန်အတိုင်းရှင်သန်နေထိုင်ခဲ့ပါက ဤကဲ့သို့ ဣန္ဒြေမရဖြစ်လာလိမ့်မည်မဟုတ်ချေ။သူမထက် ခေါင်းတစ်ဝက်စာအရပ်ပိုရှည်ပြီး မှောင်မည်းသောအော်ရာများ ထုတ်လွှတ်နေသော ရှေ့ကမိန်းကလေးကို တဲ့တိုးတွေ့လိုက်ရတဲ့အခါမှာတော့ဟွားလောင်ယုဟာ မကောင်းတဲ့ခံစားချက်တွေ ရနေတော့တယ်။

"ဟုတ်ပြီ"

"ဘာကြီး!!!"

သူမ၏ပြုမူမှုကြောင့် ဒဏ်ပေးခံရမည်ဟု ဟွားလောင်ယု တွေးထင်လိုက်စဥ်မှာပဲ သူမရှေ့တွင်ရပ်နေဆဲဖြစ်၍ အံ့အားသင့်သွားရသည်။လက်ခံနိုင်ဖွယ်ရာ ညီမလေး၏မျက်နှာနှင့်အသံအတိမ်အနက်က ဟွားလောင်ယုကို စိတ်လှုပ်ရှားမှုများ တစ်စစီပျံ့လွင့်သွားစေကုန်သည်။

မုရုံရှင်းသည် သူမထက်အရပ်ပိုပုသော ဤ"တီချယ်"ဆိုသည့်သူလေးကို တစ်ခဏမျှ အေးစက်စွာအကဲဖြတ်လိုက်သည်။ကျောက်ရုပ်လို တောင့်ခဲနေသော "တီချယ့်" ဦးခေါင်းဘေးဖက်ဆီ သူမလက်လှမ်းလိုက်သည်။

'အိုတကူ'ငါလေးက 'ယန်ဒဲရဲ'သူမနှင့် တွေ့ဆုံတဲ့အခိုက် {GL} [Translation]Hikayelerin yaşadığı yer. Şimdi keşfedin