*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"Lovely Companyကို သေချာစောင့်ကြည့်ထား...ငါထင်တာမမှားဘူးဆိုရင် အခုထုတ်ကုန်ကိစ္စကို တစ်ယောက်ယောက်ကသတင်းပေးလိုက်တာနေမှာ..."
"ဟုတ် CEO"
"ပြီးတော့ ကုမ္ပဏီကလူတွေကိုလဲ သေချာစောင့်ကြည့်ထား...သတင်းပေးတဲ့တစ်ယောက်ကိုသိတာနဲ့ ငါ့ကိုအသိပေး"
"စိတ်ချပါဗျ"
"အင်း"
"ခဏနေ meetingစတော့ပါမယ်..သွားတော့မလားCEO"
"သွားကြတာပေါ့..ရှယ်ယာရှင်တွေ ပွက်လောရိုက်နေပြီမလား.."
"ဟုတ်ပါတယ် တစ်ချို့ဆို ရှယ်ယာတွေပြန်နုတ်မယ်လို့တောင်ပြောနေကြပါတယ်.."
"အဟက် သွားကြတာပေါ့"
ရှယ်ယာတွေပြန်နုတ်မယ်တဲ့ ထိုစကားကတော့ သူ့အတွက် ဟာသတစ်ခုကိုကြားလိုက်ရသလိုပါဘဲ...တစ်ခြားကုမ္ပဏီတွေထက် သူ့ကုမ္ပဏီကပေးတဲ့ ရှယ်ယာအမြတ်စျေးတွေကို လက်လွှန့်နိုင်မယ်ဆို ရှယ်ယာတွေကိုနုတ်သွားလဲကိစ္စမရှိပါဘူး....
KIM Companyဆိုတဲ့နေရာမှာ ရှယ်ယာထည့်ချင်နေကြတဲ့ လူပေါင်းအမြောက်အမြားရှိသည်လေ...ထိုကုမ္ပဏီကရတဲ့မြတ်တွေဟာလဲနည်းတာမှမဟုတ်တာ.....ထိုလူတွေသာ ရှယ်ယာတွေကိုထုတ်သွားမယ်ဆို ထိုသူတို့အဖို့ ငွေတွင်းကြီးကို လက်လွှတ်လိုက်ရတာနဲ့ အတူတူဘဲဖြစ်လိမ့်မယ်....
ကျွီ~~
အခန်းတံခါးအားဖွင့်လိုက်ပြီဆိုသည်နှင့် တစ်ယောက်တစ်ပေါက် ငြင်းခုန်နေကြသောရှယ်ယာရှင်များသည် ငြိမ်သက်တိတ်ဆိတ်သွားတော့သည်...ကင်မ်သည် ထိုမျှလောက် သြဇာကြီးမားလှပါသည်....
စားပွဲခုံအရှည်ရဲ့ထိပ်ဆုံးပိုင်းတွင် ကင်မ်အတွက်ပြုလုပ်ထားသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်နှင့် အခန်းထဲကလူအများ၏မျက်၀န်းတွေသည် ကင်မ်စီသာ၀ဲပျံနေသည်....
"အဟမ်းးး Meetingစလို့ရပြီ..."
CEOစီကအသံပြုလိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းရေးမှူးလေးသည် အခန်းမီးအားပိတ်လိုက်ပြီး projecterအားကွန်ပြူတာနှင့် joinပြီး အခုဖြစ်ပတ်နေသည့် ပတ်သတ်တာနဲ့ပတ်သတ်ပြီး အသေးစိတ်ဖော်ပြနေသည်...
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///