*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"ခရီးစဥ်အားလိုက်ပါလာခဲ့သော ခရီးသည်များရှင့် မကြာခင် လေယာဥ်ဆင်းသက်တော့မှာဖြစ်ပါသဖြင့် အဆင်သင့်လုပ်ထားကြပါရန် ပြောကြားလိုပါတယ်ရှင့်...အားလုံးဘဲသာယာတဲ့နေ့သစ်လေးတွေကို ပိုင်ဆိုင်ရပါစေ...ကျေးဇူးတင်ပါတယ်ရှင့်~~"
sound boxကနေထွက်လာသည့် လေယာဥ်မယ်၏အသံကြောင့် သူပြုံးမိပါသည်...နောက်ဆုံးတော့သူဆိုးလ်ကိုပြန်ရောက်လာခဲ့ပြီမလား...ထိုခံစားချက်မျိုးဖြစ်ဖူးတာ ဒါနဲ့ဆိုနှစ်ခါရှိပြီပင်....
အချိန်တစ်ခုလောက်ကြာတော့ လေယာဥ်သည် ဆိုးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်အားဆင်းသက်လို့လာခဲ့ပြီ...လှုပ်ရှားသွားလာနေသည့်လူတွေကြားထဲတွင် အေးဆေးလမ်းလျှောက်လာသည့် အရိပ်လေးအား တစ်ချို့လူတွေကငေးကြည့်နေကြသည်...
"ဟဲ့အဲ့တာ Kim Jungkookဆိုတာမလား...."
"အေးဟုတ်တယ်ဟဲ့"
"အပြင်မှာအရမ်းချောတာဘဲ...အလုပ်လုပ်တာလဲတိကျချက်အေ..."
"ဟဲ့ သွားမငမ်းနဲ့ သူကပိုင်ရှင်ကြီးနဲ့"
"အေးဟုတ်သားဘဲ..ငါ့နတ်သားလေးနဲ့တော့ ဝေးပါပြီအေ~~"
ထိုလူသားလေးကတော့ ဘယ်သူ့မှဂရုမစိုက်ဘဲ အေးဆေးစွာလမ်းလျှောက်နေတော့သည်....သူ့အားသိကြသည့်လူတစ်ချို့စီကကြားရသည့်စကားသံတို့ကြောင့် နှုတ်ခမ်းတွန့်ရုံသာ ပြုံးမိပါသည်...
ပြင်ပသို့ရောက်သည်နှင့် လာကြိုသည့်လူအများအပြားထဲတွင် တစ်ယောက်သောသူအား မျက်စိဝေ့ကာ လိုက်ရှာနေမိသည်...
'ကောင်လေးပြန်လာရင် Daddyလာကြိုမယ်´ဆိုသည့် စကားလေးတစ်ခွန်းက သူ့အားဘယ်လောက်တောင်ပျော်ရွှင်စေလဲဆိုတာ သူသာလျှင်သိမည်.....
"ကောင်လေး!!"
Daddyအသံကြောင့် အသံလာရာအားကြည့်လိုက်တော့ သူနဲ့မျက်စောင်းထိုးနေရာတွင် ထိုင်ခုံပေါ်ခြေချိတ်ထိုင်ကာ လက်ပြနှုတ်ဆက်နေသည့် Daddyအားတွေ့ရပေသည်....
Daddyရှိရာအားလျှောက်လာလိုက်တော့ လက်ဆန့်တန်းကာ ကြိုဆိုသည့်Daddyကြောင့် တစ်ဖန်ကြည်နူးရပေသည်....
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///