*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"အမေ့"
"ကောင်လေး~~"
"ပတ်၀န်းကျင်ဆိုတာရှိသေးတာမို့ အနေအထိုင်ဆင်ခြင်ပေးပါ Mrs.Yoon"
Daddyလက်မောင်းအားတွဲကိုင်ထားတဲ့ ထိုအမျိုးသမီးရဲ့ လက်အားဆွဲဖယ်လ်ိုက်သည်...ထိုလက်မောင်းအားတွဲကိုင်တဲ့လူသည် ပိုင်ရှင်ဖြစ်တဲ့သူမှအပ မည်သူတစ်ဦးတစ်ယောက်မှမဖြစ်စေချင်....
သ၀န်တိုသည်ဟုမဆို၀ံ့သော ကောင်လေးရဲ့အပြုအမူကြောင့် စိတ်ထဲ၀မ်းသာမိပါသည်...
"ဟုတ်တယ်မလားDaddy"
"ဟက်~ဟုတ်တာပေါ့ကောင်လေးရဲ့"
စိတ်ဆိုးခြင်းအလျင်းမရှိဘဲ သူ့အားပြုံးရယ်ပြီးပြောလာသည် Daddyကြောင့် စိုးရိမ်မှုလျော့ပါးသွားတော့သည်...သူမအားကြည့်မရ၍ ထိုလိုအပြုအမူကိုလုပ်လိုက်ပေမယ့် Daddyစိတ်ဆိုးမှာကိုတော့ သူတစ်ကယ်ကြောက်ပါသည်...
ဘာမဟုတ်တဲ့ကောင်ကများ သူမအားတွန်းလှန်ရဲတဲ့သတ္တိကိုချီးကျူးမိပါသည်..ထိုကောင်လေးသည် Kimရဲ့အမျိုးသားဆိုသူဆိုတာ သူမသိပါသည်...Kimသည်ချောမောနဲ့ယောကျ်ားသားတစ်ယောက်မို့ ကာမပိုင်ရှိရက်နဲ့တောင် လက်မလွှတ်ချင်တဲ့စိတ်ကြောင့် Kimအားတစ်နည်းနည်းနဲ့ချဥ်းကပ်ရပါမည်...
မျက်စိမျက်နှာပျက်ပြီး နောက်ကနေလိုက်ပါလာခဲ့တဲ့ ထိုအမျိုးသမီးအားကြည့်ကာ အပြုံးတစ်ခုပေးလိုက်တော့သည်..ထိုအပြုံးသည် ရှုံးမဲမဲနေသည့်သူမအား လောင်စာဖြည့်ပေးလိုက်သလိုပင်...
-----
အလုပ်ရှိသေးတာမို့ ကုမ္ပဏီနားကစားသောက်ဆိုင်မှာဘဲ သူတို့တွေထိုင်ဖြစ်ကြသည်....နှစ်ယောက်စီမျက်နှာချင်းဆိုင် ထိုင်ခုံကိုပြုလုပ်ထားတာမို့ Daddyဘေးတွင် အမိအရ၀င်ထိုင်လိုက်သော သူမကြောင့် သူ့အားကြည့်လာသည့်Daddyအား အပြုံးလေးနဲ့အဆင်ပြေကြောင်းပြောရသေးသည်..Daddyသင်ကြားမှုကြောင့် စိတ်ထဲကမပါသော အပြုံးတွေအား သူပြုံးတက်နေပြီလေ....
မျက်ခုံးတစ်ဖက်ပင့်ကာ လှောင်ပြောင်သလိုကြည့်လာသည့် သူမရဲ့မျက်၀န်းတွေကြောင့် ဘာမှမဖြစ်သလို ရှေ့မျက်နှာချင်းဆိုင်ကခုံတွင် ၀င်ထိုင်လိုက်သည်...အကြည့်ချင်းစစ်တိုက်နေသည့် သူတို့နှစ်ဦးသည် မီနူးစာအုပ်အားပေးလာသည့် ၀ိတ်တာကောင်လေးရောက်လာမှ အကြည့်ချင်းလွှဲသွားတော့သည်...
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///