𝙴𝚙-14

1.9K 196 9
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

"အကို~~~"

အိပ်ယာနိုးနိုးချင်း အကိုပြန်လာပြီဆိုသည့်စကားကြောင့် အကို့အခန်းရှိရာအား တစ်ဟုန်ထိုးတက်လာခဲ့သည်....အကို့ရဲဲ့ အခန်းတံခါးအားအနည်းငယ်အသံပေးကာဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက စောစောစီးစီးနှလုံးသားအား နာကျင်စေပြန်ပါသည်....

Bossရဲ့ရင်ခွင်ထဲလုံးလုံးလေး၀င်ကာ အိပ်စက်နားခိုနေသည့်အကို့ကြောင့် နာကျင်ပေမယ့်လဲ ပြုံးမိပါသည်....အကိုသည်ချောသည်ဆိုပေမယ့် ချစ်စရာကောင်းသည့်မျက်နှာပေါက်လေးနဲ့မို့ တစ်တစ်ရံအူယားစရာကောင်းလှပေသည်...

နာကျင်ချင်းတွေနဲ့အစပြုသည့် မနက်ခင်းလေးကြောင့် စိတ်ပျော်ရွှင်ခြင်းမရှိတော့ပေ...အိပ်ပျော်နေသည်ထိုလူသားရဲ့မျက်နှာသည် Bossရင်ခွင်ထဲရောက်နေသည်ကြောင့် မမြင်ရပေ...နာကျင်စွာပြုံးလိုက်ပြီး တံခါးလေးအား အသာပိတ်ကာကျောင်းသွားဖို့သာ အလျင်လိုနေတော့သည်.....

အခန်းတံခါးပိတ်သွားသည်နှင့်မှိတ်ထားသော မျက်၀န်းတစ်စုံသည်ဖွင့်ဟလာခဲ့သည်...ထိုလူသည်တစ်ခြားလူမဟုတ် ကင်မ်ဘဲဖြစ်သည်.....

အအိပ်စက်သူဖြစ်တာကြောင့် ဂျေး၏ခေါ်သံကြောင့် သူနိုးနေခဲ့ပါသည်....မျက်လုံးအားတန်းမဖွင့်ဘဲ ရင်ခွင်ထဲကကိုယ်လေးအားပို၍ တင်းကျပ်စွာဖက်ထားလိုက်ပါသည်...တစ်ဖက်သားအား နာကျင်စေလိုခြင်းအမှုကို မပြုစေချင်ပေမယ့် မလိုအပ်တဲ့ပြသနာတွေမဖြစ်လာစေရန်အတွက် ထိုသို့လုပ်ရခြင်းပေ....

တစ်ချို့သောလူတွေအတွက်ကတော့ မနက်ခင်း၏အစသည် နာကျင်၀မ်းနည်းဖွယ်ကောင်းလှပေမယ့် ကင်မ်အတွက်ကတော့ ကြည်နူးဖွယ်ကောင်းလှပေသည်....အေးချမ်းစွာအိပ်မောကျနေသည့် ကောင်လေးရဲ့ ပါးပြင်ဖောင်းဖောင်းလေးအား လက်နဲ့အသာပွတ်လိုက်ပြီး သူ၀မ်းသာနေမိသည်....

ထိုအဖွားအို၏ဟောချက်တွေကိုသူမသိပေမယ့် ထိုအဖွားအိုကြောင့် ကောင်လေး၏စိတ်အစုံသည်ပွင့်ဟလာခဲ့သည်ကြောင့် ကျေးဇူးတင်မိပါသည်.....ကောင်လေးရဲ့ရင်ဖွင့်ချက်တွေအား သူစိတ်မဆိုးမိပေ....ကောင်လေးဘက်ကနေကြည့်ရင် သူ့ရဲ့လုပ်ရပ်တွေက နာကျင်စရာကောင်းလှသည်မလား....

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now