*𝚄𝚗𝚒𝚌𝚘𝚍𝚎*
ကောင်လေးအား နောင်အခါနိုင်ငံခြားရှယ်ယာရှင်တွေနဲ့ စကားပြောဆိုနိုင်ရင် အခုထဲက တစ်ယောက်ထဲ ထိုလူတွေနဲ့လွှတ်ထားလိုက်ပေသည်....အခန်းပြင်ဘက်ကနေ ကောင်လေးရဲ့လှုပ်ရှားမှုတွေကို အသေးစိတ်ကအစကြည့်နေမိသည်....
Vee~~~Vee~~~
တုန်ခါလာသော စားပွဲပေါ်ကဖုန်းကြောင့် ကောင်လေးအားငေးကြည့်နေရာမှ ထိုဖုန်းစီသို့ အကြည့်လွှဲလိုက်ပါသည်...ဆက်တိုက်မြည်နေသော ကောင်လေးရဲ့ဖုန်းကြောင့် သူကဘဲကိုင်ရန်ပြုလုပ်လိုက်တော့သည်....အလုပ်ကိစ္စဆွေးနွေးနေရင် အနှောက်အယှက်မဖြစ်စေရန် ဖုန်းအားသူ့နားကို ထားခဲ့တာဖြစ်မည်....
ဖုန်းဖန်သားပြင်ပေါ်တွင် ပေါ်နေသော contant nameလေးအားကြည့်လိုက်တော့ ဂျေးဖြစ်နေသည်ကြောင့် ကိုင်ရင်ကောင်းမလား သူစဥ်းစားနေမိသည်...ဖုန်းကျသွားတာနဲ့ ပိတ်သွားပြီဖြစ်သောဖန်သားပြင်လေးသည် တစ်ဖန်ပြန်မြည်လာတာကြောင့် တွေဝေမနေတော့ဘဲကိုင်လိုက်တော့သည်...
"Hello"
"Hello ဘယ်သူလဲ"
တစ်ဖက်ကပြန်ထူးသူရဲ့အသံမှာ အကို့အသံမဟုတ်တာကြောင့် မေးခွန်းပြန်ထုတ်လိုက်တော့သည်...
"ငါ"
ထပ်မံကြားလိုက်ရသော အသံသြသြကြောင့် ဘယ်သူမှန်းသူသိလိုက်ပါသည်...
"အာBoss..အကိုရော"
မှန်ချက်တွေကာထားတဲ့အခန်းထဲတွင် နိုင်ငံခြားသားတွေနဲ့ စကားပြောနေသည့် ကောင်လေးအားသူစောင်းငဲ့ကြည့်လိုက်သည်......
"ရေချိုးနေတယ်"
"ဗျာ!...Bos Bossတို့တစ်ခန်းထဲတူတူနေတာလား.."
"ဟုတ်တယ်..လက်ထပ်ထားတဲ့လူနှစ်ယောက်တစ်ခန်းထဲနေတာ ထူးဆန်းနေလို့လား.."
"အဲ့လိုလဲမဟုတ်ပါဘူး..ကျွန်တော်လုပ်စရာလေးရှိလို့ ဖုန်းချလိုက်တော့မယ်..အကိုကို့ကျွန်တော်ဖုန်းဆက်တယ်လို့ပြောပေးပါ.."
"အင်း"
အကိုနဲ့စကားအများကြီးမည်ဟု ကြံရွယ်ထားတဲ့သူသည် Boss၏ပိုင်ဆိုင်ကြောင်းပြနေသည့် စကားသံတွေကြောင့် ဖုန်းချဖို့သာစဥ်းစားလိုက်တော့သည်...သူဘယ်လောက်ဘဲမမြင်ချင်ယောင်ဆောင်နေပါစေ အကိုနှင့်Bossတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအား မြင်သာအောင်ပြလာသည့်Bossကြောင့် နာကျင်ရပေါင်းလဲများခဲ့ပြီမလား....
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///