𝙴𝚙-7

2.2K 234 20
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

"အွန်း ကောင်လေးရဲ့အကြံကကောင်းပါတယ်.."

"ဟုတ်ဒါဆို ကျွန်တော်ဒီအတိုင်းလုပ်လိုက်တော့မယ်နော်.."

"အင်း"

CEO Kimရဲ့ ရုံးခန်းထဲတွင် ဧည့်သည်လာရင်ထိုင်ရန်ပြုလုပ်ထားသော sofaတွင် အလုပ်ကိစ္စဆွေးနွေးနေကြတဲ့ ကင်မ်နဲ့ဂျွန်ဟာ မြင်သူတိုင်း 'လိုက်ဖက်တဲ့စုံတွဲလို့´ ရွတ်ဆိုမိမှာအသေအချာပင်....

"ကျွန်တော်မနက်ကအိမ်ခဏပြန်တော့ အိမ်မှာအပြင်အဆင်တွေနဲ့ partyလုပ်မို့လားဗျ.."

အရင်လို ကြောက်လန့်ခြင်းမရှိဘဲ ရဲရဲ၀ံ့၀ံ့မေးလာသည့် ကောင်လေးသည် သူလိုချင်တဲ့ပုံစံအတိုင်း ရင့်ကျက်လာပြီဖြစ်သည်...

"ဟုတ်တယ် Daddyစီစဥ်ခိုင်းလိုက်တာ..ကောင်လေးကိုလဲ mediaမှာတစ်ခါထဲထုတ်ဖော်မလို့.."

"အာ ဟုတ်ကဲ့.."

အများကြီးထိန့်လန့်သွားမျိုးမရှိခဲ့ပါ..ဘာလို့ဆို သူဟာDaddyရဲ့မွေးစားသားဆိုတာ တစ်နေ့လူတွေသိလာမှာဘဲလေ...

"ဒီနေ့အလုပ်စောစောဆင်းခဲ့.."

"နားလည်ပါပြီDaddy..ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး.."

ကောင်လေးအားခေါင်းငြိမ့်ပြလိုက်ပြီး အလုပ်ထဲအာရုံစိုက်နေသလို ဟန်ဆောင်လိုက်တော့သည်....တံခါပိတ်သံကြားတော့မှ တပ်ထားသည့် လေးထောင့်မျက်မှန်အကြည်လေးအား ချွတ်လိုက်ပြီး ကိစ္စတစ်ခုအားစဥ်းစားကာ တွေးပူနေတော့သည်...

"မင်းလေးစိတ်မဆိုးဖို့Daddyဆုတောင်းပါတယ်..."

ဘာကိုဆိုလိုမှန်းမသိတဲ့ ကင်မ်ရဲ့စကားဟာ ညကြရင်တော့ အဖြေကိုအတိအကျသိလောက်မှာပါ...

-----

လူဂုဏ်ထံအသိုင်းအ၀ိုင်းများသာ လာကြတာမို့ ရှုတ်ယှက်ခတ်နေတဲ့အသွင်တော့မပေါက်ပေ....Daddyရဲ့ကြေငြာချက်ကြောင့် KIM Companyရဲ့ Partyပွဲ၌သတင်းလာယူရန် စောင့်စားနေကြတော့သတင်းသမားများအချို့လဲရှိကြသည်....

အိမ်ပေါ်ထပ်ပြတင်းပေါက်လေးကနေ ပွဲလာသူတွေအားကြည့်နေသည့် ဂျွန်သည်မိန်းမပျိုလေးတွေရဲ့အသဲကိုလှုပ်ယူနိုင်စွမ်းရှိတဲ့ အမျိုးသားတစ်ယောက်ပင်....တည်တင်းနေသောနှုတ်ခမ်းပါးသည် တစ်နေရာအရောက် ပြုံးယောင်သန်းသွားတော့သည်...

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now