*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"ဒါပေမယ့် ကျွန်တော်တို့က လက်ထပ်ပြီးပြီးလေ..."
"ဟုတ်တယ် ဒါပေမယ့် လူသိရှင်ကြားနဲ့ ကောင်လေးကို တစ်ဖန် ပြန်လက်ထပ်ချင်လို့ Daddyအခုလို စီစဥ်လိုက်တာ..."
Daddyရဲ့ နူးညံ့တဲ့ စကားသံတွေကြားမှာ သူသည်လဲ မျက်ရည်များတွဲခိုလျက် Daddyအားဘပြန်လည်ပြုံးပြနေတော့သည်...
"Daddyဘယ်လောက်ဘဲ မင်းအပေါ်မှာ နှိပ်စက်နှိပ်စက် Daddyအပေါ် အပြစ်မယူဘဲ Daddyအနားမှ နေပေးလို့ ကျေးဇူးပါနော်..."
"......"
"ကောင်လေးကို မပြောပြဖူးတဲ့ အကြောင်းအရာ တစ်ခု Daddyပြောပြမယ်"
Daddyအား သူခေါင်းငြိမ့်ပြလိုက်သည်....Dadyyသည်လဲ သူ့နည်းတူ မျက်ရည်များ ဝေ့သီးနေတော့သည်.....
"Daddyပိုက်ဆံအိတ်ကို လူလည်လုပ်ပြီး လုယူသွားတဲ့ ကလေးငယ်ကို တွေ့ထဲက Daddyရဲ့နှလုံးခုန်သံတွေ မတည်ငြိမ်တော့တာ..."
"......"
"ကလေးငယ်ကို တရား၀င်မွေးစားဖို့ Daddyစီစဥ်ခဲ့တယ်....ဒါပေမယ့် ကောင်လေးသိလား Daddyစီကို အဲ့ကလေးငယ် ရောက်မလာနိုင်ခဲ့မှာကို Daddyကြောက်ရွံ့ခဲ့တယ်...."
"Daddyကံကောင်းတယ်ဘဲ ပြောရမလား..ကလေးငယ်က သူထက်နည်းနည်းငယ်တဲ့ ကလေးတစ်ယောက်နဲ့ Daddyစီကို ရောက်လာခဲ့တယ်.."
"Daddyအရမ်းပျော်ခဲ့ရတာ...နောက်ဆုံးကလေးငယ်ကို Daddyအနားမှာ ထားနိုင်ခဲ့ဆိုပြီး......Daddyအများကြီး၀မ်းသာခဲ့ရတယ်.."
"ဒါပေမယ့် ဖြူစင်တဲ့ကလေးငယ်ကို တစ်ခြားလူလက်ထဲ ရောက်သွားမှာ Daddyအရမ်းကြောက်ခဲ့တယ်...ဒါကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်ကို လက်ထပ်စာချုတ်မှာ မွေးစားစာချုတ်အမည်ခံပြီး လိမ်လည်ပြီး လက်မှတ်ထိုးစေခဲ့တယ်..."
ထိုအကြောင်းအရာတွေအား ပြောပြနေသည့် တစ်လျှောက်လုံး Daddy၏ အသံတွေသည် တုန်ယင်နေသည်ကို သူသတိထားမိပါသည်....
"ကလေးငယ်ကို လူအများပြောစရာမဖြစ်အောင် Daddyအကောင်းဆုံးလုပ်ပေးချင်တယ်....ကလေးငယ်ကို ကလေးအရွယ်နဲ့မလိုက်အောင် Daddyဖိအားပေးခဲ့တယ်...ကလေးငယ်ကDaddyဘယ်လိုထင်နေမယ်ဆိုတာမတွေးဘဲနဲ့ Daddyကလေးငယ်ကို ဖိအားများစွာပေးခဲ့တယ်..."
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///