*𝚄𝚗𝚒𝚌𝚘𝚍𝚎*
ဗွမ်းးး
နှာခေါင်းထဲကနေ ၀င်ရောက်လာသည့် ရေအလုံးအရင်းကြောင့် အမှောင်ကမ္ဘာထဲကနေ လွှတ်မြောက်လာခဲ့သည်.....ရေမွှန်းနေသည်သလို ခံစားချက်ကြောင့် အသက်ရှူတောင်မ၀ချင်သလို....
"အဟွတ် အဟွတ်~~"
"Hello~~"
နားစည်အားရိုက်ခတ်ပြီး ကြားလိုက်ရသည့် သြရှသည်လဲမဟုတ် နားထောင်ကောင်းသည့် ယောကျ်ားတစ်ယောက်၏အသံကြောင့် မျက်၀န်းတွေအား ဖွင့်ကြည့်လိုက်သည်....
"မင်း!!!!"
ဖွင့်ဖွင့်ခြင်း သူ့အားဖြူစင်စွာ ရီပြနေသည့် jungkookအားတွေ့သည်မို့ ဒေါသထွက်သွားမိသည်.....jungkookစီထသွားရန်ပြင်ချိန်မှာ သူ့တစ်ကိုယ်လုံးအား ထိုင်ခုံပေါ်တွင် ကြိုးနဲ့တုတ်ထားမှန်း သိရတော့သည်....
"ဘာအရူးထနေတာလဲ!!"
ပေါက်ကွဲထွက်တော့မဲ့ ဗုံးတစ်လုံးလုံးလို သူ့အားစိုက်ကြည့်နေသည့် Menny၏မျက်နှာအား ကျေနပ်အားရမိပါသည်....
ဘေးကခုံအလွတ်တစ်လုံးအားဆွဲကာ Mennyရှေ့တွင် ခြေချိတ်ထိုင်လိုက်သည်...
"ဟက် ဘာလဲကြောက်နေတာလား...မကြောက်ပါနဲ့ ငါမင်းကိုမသတ်ပါဘူး...အယ် ဒါပေမယ့် မင်းရဲ့မျက်နှာမှာ ဒဏ်ရာနည်းနည်းလေးဘဲ ထည့်ပေးမှာ..."
စိတ်တိုနေသည့် Mennyရဲ့မျက်နှာအားကိုင်ကာ ဆိုလိုက်သည်.....
"ဟားဟား ငါ့ကိုမင်းအခုလိုလုပ်လိုက်ရင် ငါ့အဖေက ငြိမ်ခံနေမယ်ထင်နေလို့လား...မင်းတို့ကုမ္ပဏီတစ်ခုလုံး ဒုက္ခရောက်အောင် လုပ်ပစ်မယ်ဆိုတာ မင်းမေ့နေတာလား..."
ခနဲ့ပြုံးဖြင့် စကားချေပလာသည့် Mennyသည်သူ့အားကုမ္ပဏီဆိုသည့်အရာဖြင့် ခြိမ်းခြောက်နေပြန်သည်...
"အမယ်လေး ကြောက်ပါတယ်ဗျ အဲ့လိုမလုပ်ပါနဲ့ဗျ~~"
ထိုင်ခုံပေါ်တွင် ကိုယ်ကိုကျုံ့လျက် လက်ဖြင့်မျက်နှာကိုကွယ်ကာ ကြောက်အားလန့်အားပုံစံဖြင့် ပြောနေသည့် Jungkookကြောင့် ပို၍ပင်ဒေါသထွက်မိပါသည်....
"မင်းကုမ္ပဏီကိုတောင် ဖြုတ်ချလို့ရတယ်နော်..ငါ့ကိုလာခြိမ်းခြောက်ပြမနေနဲ့.."
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///