*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"ဟူးး ဆရာမကလဲ အ်ိမ်စာတွေအများကြီးပေးလိုက်တယ်...စိတ်ညစ်တယ်ကွာ"
"ဟုတ်တယ်နော်.."
သူ့ပုခုံးအားဖက်ကာ ငြီးတွားလာသည့် သူငယ်ချင်းဖြစ်သူကြောင့် သူလဲခေါင်းငြိမ့်မိပါသည်....စာလုပ်ချင်တဲ့ကျောင်းသားဆိုတာ တော်တော်နည်းသည်လေ...
အတန်းချိန်ပြီးပြီမို့ တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ကျောင်း၀န်းထဲကနေထွက်လာခဲ့သည်....
"ဟင်~"
ကျောင်းပေါက်၀တွင် ရပ်ထားသည့်ကားကြောင့် သူ့ခြေလှမ်းတွေရပ်တန့်မိပါသည်....ရပ်ထားသည့်ကားကြောင့်ဆိုတာထက် ကားbodyအားမှီကာ ဖုန်းကြည့်နေသည့် လူကြောင့်ဆိုရင် ပိုမှန်လိမ့်မည်...
"မင်းအသိလား~"
စူးစမ်းစွာမေးလာသည့်အမေးစကားအား ခေါင်းဘဲငြိမ့်ရမလို ခေါင်းဘဲခါရမလိုပင်...ထိုလူသည် အကိုနဲ့လျှောက်လည်တဲ့နေ့က Bossနဲ့စားသောက်ဆိုင်မှာ တွေ့ခဲ့သည်လူပင်.....အဲ့နေ့ကအကိုရဲ့မျက်နှာသည် သိသိသာသာခက်ထန်နေသောကြောင့် သူပင်အတော်လန့်သွားခဲ့သည်မလား...
ခေါင်းငုတ်လျက်ဖုန်းကြည့်နေသည့်လူသည် ခေါင်းမော့လာပေသည်....သူ့အားမြင်သည်နှင့် ပြုံးပြလာသည့်လူသားကြောင့် သူပြန်မပြုံးပြမိပါ...ထိုနေ့က အကိုအားစိတ်ဒုက္ခပေးတဲ့လူဖြစ်တာမို့ စိတ်ထဲတွင် အမြင်ကပ်မိပါသည်...
"Hi~"
သူ့ရှိသည့်နားအား လျှောက်လာပြီး နှုတ်ဆက်လာသည့်ထိုလူသည် သူနှင့်ဘယ်တုန်းကရင်းနှီးသွားသည်နည်း...
"ငါမင်းနဲ့စကားခဏလောက်ပြောချင်တယ်"
ထိုလူ၏တောင်းဆိုမှုကြောင့် ဘေးနားကသူငယ်ချင်းအား ပြန်နှင့်ရန်ဆိုလိုက်တော့သည်.....အငြင်းစကားတော့မဆိုမိပါ ဘာလို့ဆို ထိုလူသည်သူ့အားအကြောင်းမဲ့တော့ တွေ့ခွင့်တောင်းလိမ့်မည်မဟုတ်....
ထိုလူခေါ်ဆောင်ရာအရပ်အား သူလိုက်ပါလာခဲ့သည်....Bossကသူ့အား ကားတစ်စီးစီစဥ်ပေးပေမယ့် သူ့ဘက်ကလက်မခံခဲ့ပေ...Bossစီကနေ ဒီထက်ပိုပြီး ဘယ်အရာမှလက်မခံချင်တော့ပါ....အ်ိမ်မှာနေတာနဲ့တင်များနေပြီမလား....တစ်ကယ်ဆိုထိုအိမ်ကနေ သူထွက်သွားချင်မိပါသည်...အသက်ရှင်ခွင့်အရိပ်လေးသည် ထိုအိမ်တော်ထဲမှာရှိသည်မို့ ကြိတ်မှိတ်ပြီးနေထိုင်နေရသည််မလား...
YOU ARE READING
♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///