𝙴𝚙-6

2.1K 234 1
                                    

*𝚄𝚗𝚒𝚌𝚘𝚍𝚎*

မျက်စိရှေ့တွင်မြင်တွေ့နေရတဲ့ ဆိုးလ်မြို့၏လေဆိပ်မြင်ကွင်းအား ဂျွန်နှုတ်ခမ်းတွန့်စွာပြုံးပြီးကြည့်နေလိုက်သည်....

"နောက်ဆုံးတော့ ငါပြန်ရောက်လာပြီ.."

ဂျေးကိုကြိုခိုင်းလိုက်တယ်ဆိုတဲ့ Daddyစကားကြောင့် လေဆိပ်တွင်လာကြိုနေကြသောလူအများကြားတွင် ဂျေးအားမျက်စိဝေ့ပြီးရှာကြည့်လိုက်သည်...

မတွေ့ရတာကြာပြီဖြစ်သည့်ဂျေးသည် ဘယ်လိုပုံစံဘယ်လိုအနေအထားမျိုးဖြစ်နေမလဲဆိုတာ သူအရမ်းသိချင်ပါသည်...အသက်၁၅နှစ်သားရောက်လာပြီဖြစ်သော ဂျေးအားသူတွေ့ချင်နေပါပြီ..အရင်ကလိုလူကြီးရုပ်လေးဖြစ်နေမလား ဒါမှမဟုတ် ကလေးရုပ်လေးဖြစ်နေမလား...

"အင့်!"

ရုတ်တရက်နောက်ကနေသိမ်းကြုံးဖက်လိုက်သည့်လူတစ်ယောက်ကြောင့် လန့်ပြီးပါးစပ်ကအသံထွက်မိသွားတော့သည်...

ယောကျ်ားဆန်ဆန်ရေမွှေးကြောင့် ထိုလူဘယ်သူဆိုတာ သူမခန့်မှန်းတတ်ပါ...ဖက်ထားသည့်ထိုလူ့အား တံတောင်ဆစ်နဲ့နောက်ပြန်ထိုးချလိုက်တော့ သူ့အားမလွှတ်ပေးဘဲ ပို၍တိုးပြီးဖက်လာတာကြောင့် ခန္ဓာကိုယ်ထဲကအရိုးတွေကြေလုမတတ်...

"အကို~~"

နောက်ဆုံး ဖက်ထားတဲ့လူအား အားနဲ့ဆွဲချမို့လုပ်လိုက်တော့ ထွက်ပေါ်လာတဲ့ လူပျိုပေါက်အရွယ်ခပ်သြသြအသံကြောင့် ကြောက်ရုပ်အလားရပ်တန့်သွားမိတော့သည်...

"Jayy!!"

ဂျွန့်ပါးစပ်ဖျားကနေ အမည်နာမတစ်ခုအားရွတ်ဆိုလိုက်တော့ ဖက်ထားတာအားလွှတ်လိုက်ပြီး ဂျွန်ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်လိုက်သည့်ယောကျ်ားသားအား ဂျွန်မျက်လုံးလှန်ပြီကြည့်လိုက်မိသည်...

နဂိုကတည်းကကြီးထွားနှုန်းမြန်သည့် ဂျေးသည် သူ့ထက်အရပ်ရှည်နေတာကြောင့် တောင်အနည်းငယ်မော့ကြည့်နေရသည်လေ...ပြုံးယောင်သန်းနေသောနှုတ်ခမ်းပါးတွေဟာလဲ အညိုရောင်သန်းနေတာကြောင့်  ဆေးလိပ်သောက်မှန်းသိသာလှသည်....

ပိုပြီးချောလာတာကလွဲရင် ငယ်ရုပ်လေးတော့မပြောင်းပေ...ကိုယ့်ညီမို့ပြောတာမဟုတ်ပေမဲ့ ဂျေးကမတွေ့ရတဲ့နှစ်အတွင်း လူငယ်တွေရဲ့စကားနဲ့ပြောရမယ်ဆိုရင် နှုတ်ခမ်းနီမလေးရဲ့အသည်းကြော်လေးဖြစ်လိမ့်မည်...

♡︎D̸o̸ Y̸o̸u̸ L̸o̸v̸e̸ M̸e̸♡︎ ///🅲︎🅾︎🅼︎🅿︎🅻︎🅴︎🆃︎🅴︎///Where stories live. Discover now