Part 07

3.7K 204 62
                                    

(unicode)
ခန္ဓာကိုယ်ပေါ်က မွေးရာပါ အမှတ်အသားတွေဟာ ဘယ်နေရာမှာ အသုံးဝင်ပါသလဲ။

တခြားလူတွေတော့ မသိ။ Kyle လိုလူမျိုးကတော့ ရှင်းသည်။ အကယ်၍များ၊ အကယ်၍များပေါ့နော်။ မတော်တဆမှုတစ်ခုခုတွင် မျက်နှာဟာ ရုပ်လုံးမပေါ်တော့သည်အထိ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့လျှင် အဲဒီလူ​၏ identity ကိုဖော်ပြမည်က သူ့ခန္ဓာပဲမဟုတ်လား။ လူတိုင်းတွင်တော့ ထင်ရှားသည့် မွေးရာပါအမှတ်တစ်ခု မပါနိုင်ပေ။ စစ်ငယ်တွင်လည်း ရှိ မရှိ မသိ။ ဘာပဲဖြစ်ဖြစ် ကြည့်ကြည့်တာပေါ့။

သို့ပေမယ့် သူ့ရှေ့က အငယ်ဟာ နည်းနည်းမျှ မလှုပ်။ ကိုယ်ရောနှုတ်ရောက ငြင်းဆန်နေတာမျိုး မဟုတ်ပေမယ့် တောင့်တင်းနေသော ခန္ဓာလေးက ရေချိုးပေးမည့် သူ့အစီအစဉ်ကို လက်တစ်စိတ်ပင် မထောက်ခံကြောင်း အတိအလင်း ကြေညာနေလေရဲ့။

"ကိုယ့်နောက် လိုက်ခဲ့"

ကြောင်စီနေသော ကောင်ငယ်လေးကို မျက်ကွယ်ပြုလို့ Kyle ရေချိုးခန်းထဲ အရင်ဝင်သွားလိုက်သည်။ သိသိသာသာ နားစွင့်ကြည့်တော့ အငယ့်ဆီမှ ခြေသံမပြောနှင့်  ခန္ဓာကိုယ်လှုပ်ရှားသံသဲ့သဲ့လေးပင် တစ်စိုးတစ်စိမျှ မကြားရ။ ဒီကလေး အသက်ရော ရှူသေးရဲ့လား။ ရေချိုးခန်းထဲမဝင်မီ အာရုံစိုက်ပြီး နားထောင်ကြည့်တော့... တော်သေးတာပေါ့။ အငယ်တစ်ယောက် အသက်ရှူနေသေးပေလို့ပေါ့။

သူ့စားပွဲရှေ့တွင် ကျောက်ရုပ်လို ရပ်နေသည့် ကောင်ကလေးအား Kyle လှမ်းကြည့်ရင်း ခေါင်းသာတွင်တွင် ခါလိုက်သည်။

ရပ်နေ။ အဲ့မှာပဲ တစ်နေကုန် ရပ်နေလိုက်။ ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အချိန်မည်မျှကြာသည်အထိ မလှုပ်မယှက် ရပ်နေနိုင်သလဲ Kyle စူးစမ်းမိချင်သေးရဲ့။

များသောအားဖြင့် ဆယ်နှစ်အောက်ကလေးတွေသည် (ဘာအလုပ်ပဲဖြစ်ဖြစ်) အလုပ်တစ်ခုတွင် မိနစ်၃၀ ထက်ပိုပြီး အာရုံမစိုက်နိုင်ကြချေ။ မိနစ်၃၀ ထက်ပိုလျှင် တောင်ငေးမြောက်ငေး ခြေကုတ်လက်ကုတ်တွေဖြစ်ကာ ဂနာမငြိမ်စပြုပြီ။ ထို့ပြင် အဲဒီ မိနစ်၃၀ ဆိုတာသည် သာမန်အခြေအနေမျိုးကို ဆိုလိုခြင်းသာ။ အကယ်၍ ကလေးက ပင်ပန်းနေလျှင်၊ အိပ်ရေးမဝလျှင်၊ ဗိုက်ဆာနေလျှင် သူ​၏အာရုံစိုက်နိုင်စွမ်းသည် နည်းသထက် နည်းဖို့ပဲရှိတော့သည်။

The World of DisciplineWhere stories live. Discover now