Part 4

14K 1.2K 44
                                    

Unicode

"ဟိုမှာ လာပြီ ‌အကျင့်က တစ်စက်လေးမှ မကောင်းတဲ့ သမ္မတသား ဆိုတာကြီး "

ကျနော့်ကို မြင်တာနဲ့ Seo Jun က တစ်လုံးတစ်ခဲကြီးပြောကာ ကျောပေးထားသည်။

"မင်းက မူကြိုကလေးလား စိတ်ကောက်ရအောင် "

"အေး မူကြိုကလေး သာသာဘဲ ရှိလို့ မင်းကို စိတ်ကောက်နေတာ Jungkook ရ "

ကျနော်နဲ့ Kija ကို မျက်စောင်းထိုးကာ လှည့်ကို မကြည့်တော့တာ ဖြစ်သည်။

Kim Taehyung နဲ့ သူငယ်ချင်း တွေပါ ဆိုတာကို သိပြီးတည်းက ဒီကောင် စိတ်ကောက်သွားတာ. .

သူနဲ့တော့ နှစ်အကြာကြီးတွေ့နေရပြီး မရင်းနှီးရလို့တဲ့လေ. . ကလေးဆန်လွန်းလှသည်။

"Jungkook ညနေကျရင် ငါနဲ့ လျှောက်သွားကြမလား "

အတန်းကို ဝင်ဝင်ချင်း ကျနော့်ဆ‌ီကို တန်းလာကာ ဒီလိုပြောနေတော့ တစ်ခန်းလုံးက ကျနော်နဲ့ Kim Taehyung ကို ပြူးကြည့်နေကြသည်။

Seo Jun ကတော့ အဆိုးဆုံးဘဲ မျက်ထောက်နီကြီးနဲ့ကို ကြည့်နေတော့သည်။

"မင်းလိုက်ခဲ့လေ လူများတော့ ပျော်စရာကြီးပေါ့ "

Taehyung က သူ့နေရာကို ပြန်သွားတော့ Kija ကို လှမ်း ပြောလိုက်မိသည်။ ရှေ့က Seo Jun က နားစွင့်နေသေး၏။

"အင်း သွားကြတာပေါ့ "

"မင်းတို့နှစ်ကောင် ငါ့ကို မေ့နေတာတော့ မဟုတ်ပါဘူးနော် "

ခုမှ မျက်နှာကြီး ပြုံးဖြီးကာ ကျနော်တို့ဘက် လှည့်လာတဲ့ Seo Jun.. တတ်လည်း တတ်နိုင်သေးသည်။

"Taehyung ဒါစားကြည့်
Taehyung ဒါ ကိုင်ကြည့် .. Taehyung ဒီကိုလာ.. Taehyung.. "

တစ်ချိန်လုံး Taehyung ဆိုတာကို ပါးစပ်က မချဘဲ လက်က ဆွဲကာ ‌တောက်လျှောက်ခေါ်သွားတဲ့ lee Seo Jun..

သူ့လက်ကို စောင့်ဆွဲကာ

"တော်လိုက်တော့ Kim Taehyung မောနေပြီ "

ကျနော်တို့ရောက်နေတာက Taehyung သွားချင်တယ်ဆိုတဲ့ ဈေးတန်း.. မုန့်မျိုးစုံရကာ လူများပြီး ပျော်စရာပင်မယ့် မျက်စိရှုပ်လွန်းလှသည်။

MINE [Completed]Where stories live. Discover now