Unicode
မနက်မိုးလင်းကနေ မိုးချုပ်ထိ ဆေးရုံမှာရော Condo မှာပါ မမြင်ချင်မှ အဆုံး မြင်နေရတဲ့ သူ့မျက်နှာ.. တစ်ချိန်လုံး သူ့အသံ ကိုသာ ကြားနေရသည်
မျက်နှာချင်းဆိုင် အခန်းမှာသာ သူက နေသည်မို့ Ian ရဲ့ အကြိုက်ပေါ့.. Ian က သူ့ကိုဆို အရမ်းလည်း ခင်သလို တွယ်တာနေတော့တာ
အခုလည်း မနက်စာ စားကြရအောင် ဆိုကာ Ian ကို ချီပြီး ဆိုင်တစ်ဆိုင်ကို အတင်းခေါ်လာတဲ့ သူ..
"ဘာစားချင်လဲ Ian "
"Ice-cream "
"ဘာ မစားရပါဘူး မနက်စာ စားချိန်ကို မဟုတ်တာတွေ မပူဆာရဘူး Ian.. ပြီးတော့ ချောင်းဆိုးလိမ့်မယ် ပါပါး တစ်ခုခု သွားမှာပေးမယ် "
waiter လေးနဲ့ နှစ်ကိုယ်တည်း သေချာ ဆွေးနွေးပြီး သူ့တူ အတွက် ကိုယ်တိုင် ကိုယ်ကျ မှာနေတဲ့ Kim Taehyung.. တော်တော်တော့ ချစ်ရှာသား
"Ian က ice-cream စားချင်တာလား "
အနည်းငယ် ပွနေတဲ့ ဆံပင်မျှင်မျှင်လေးတွေကို ပွတ်သပ်ကာ မေးမိတော့ ချက်ချင်း ခေါင်းကို အထပ်ထပ် အခါခါ ညှိတ်လာတဲ့ ကလေး
"ဒီလို လုပ်မလား ဦး ကို daddy လို့ခေါ်လေ ဒါဆို ဝယ်ကျွေးမယ် ဒါမယ့် daddy က ခေါ်ခိုင်းတာကိုတော့ ပါပါးမသိစေရဘူးနော် Ian ကိုက ခေါ်ချင်တာလို့ .. ဘယ်လိုလဲ သဘောတူလား "
"ဟုတ် daddy.. "
ချက်ချင်းကို daddy ဖြစ်လာတဲ့ Kim Taehyung ရဲ့ တူ
"Ian ပါပါး sandwiches မှာထားပေးတယ် နွားနို့ရယ်လေ အဲ့တာစားပြီး ကျောင်းသွားရမယ် နော် "
"ဟုတ် ပါပါး.. Daddy လည်း စားလေ"
"Daddy ?? "
Ian ရဲ့ အခေါ်အဝေါ်ကြောင့် အံ့ဩမိပြီး နှုတ်ကပါ လိုက်ခေါ်မိသည် အထိ
Jeon Jungkook ကို ကြည့်တော့ သူမဟုတ်သလို.. သူက မသင်ပေးဘဲ ကလေးက ပြောတတ်မှာတဲ့လား
sandwiches တစ်ခုကို ယူကာ Jungkook ကို ခွံ့ကျွေးနေတဲ့ Ian.. တစ်ခြားဝိုင်းတွေက ကွက်ကြည့်ကွက်ကြည့် လုပ်ကာ တီးတိုးပြောနေကြသေးသည်
*ဟိုဝိုင်းက မိသားစုလေးကို အားကျလိုက်တာ *
*အဖေ နှစ်ယောက်က ကလေးကို သိပ်ချစ်ကြတာဘဲ* တဲ့..
YOU ARE READING
MINE [Completed]
FanfictionKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022