Part 27

11.3K 810 27
                                    

Unicode

US မှာသာ နှစ်ပတ်လောက် နေဖြစ်ခဲ့သည်မို့ Product အသစ်အတွက် Launch ကလည်း နောက်ကျသွားခဲ့သည်

ပွဲကိုတော့ J Hotel ရဲ့ ခန်းမမှာသာ ကျင်းပဖြစ်သည်..

Emiko Nakamura လို နာမည်ကြီးက ရှိနေတာရယ် J brand က stretching လုပ်ထားတဲ့ product ဖြစ်တာရယ်ကြောင့် မီဒီယာ အစုံနဲ့ လူတွေက အပြည့်ဘဲပေါ့

တော်တော်များများ အောင်မြင်ပြီးသား လုပ်ငန်းစုတွေက ရှယ်ယာဝယ်ချင်နေတာရယ်ကြောင့် ဒီ‌တစ်ခေါက် launch က အစည်ကားဆုံးဘဲပေါ့

တော်ရုံဆို အဖြူတွေကို ဝတ်တတ်တာ ရှားလွန်းသည်.. သူ က တော့ ဒီနေ့ကို အဖြူလေး ဝတ်စေချင်တာကြောင့် suit အဖြူလေးကိုဘဲ ရွေးဝတ်ဖြစ်ခဲ့သည်

သူ ဝယ်ပေးထားတဲ့ shoes အဖြူလေးနဲ့တော့ အတော်ကို လိုက်ဖက်ပါသည်

"CEO Jeon လာပြီ "

ခန်းမထဲကို ခြေချလိုက်တာနဲ့ ကင်မရာ မီးတစ်ဖျက်ဖျက်က လင်းလက်နေတော့သည်..

"ဒီနေ့ ပွဲကို တက်ရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ် "

စင်မြင့်ပေါ် တက်ကာ နှုတ်ဆက် ကျေးဇူးတင်စကားကို အစချီမိတယ်

Product အသစ်က sport shoes ဖြစ်တာကြောင့် အားကစားသမားတွေက ပွဲထဲမှာ ပိုပြီးတော့ များနေကြသည်

ကျနော့်ရဲ့ မိန့်ခွန်းပြီးတော့ emiko က shoes တွေကို ဝတ်ပြီး အလှ ဓာတ်ပုံတွေ ရိုက်သည်

သူမ fan တွေကဝောာ့ သူမ လက်မှတ်ပါတဲ့ shoes တွေကို တိုးကြိတ်ဝယ်လို့ launch နေ့မှာတင် တော်တော် ရောင်းအားကောင်းလာခဲ့သည်

လုပ်ငန်းရှင် တော်တော်များများကလည်း ရှယ်ယာကို ဝယ်ချင်နေကြသည်.. ဒီ product က အမြတ်အစွန်းအတော်ရမည်ကို သူတို့ ရိပ်မိနေကြသည်

ပွဲပြီးခါနီး သတင်းထောက် တစ်ယောက်က မေးခွန်းမေးပြန်သည်

"CEO Jeon နဲ့ Medica Zone က Dr Kim Taehyung တို့က တကယ်ဘဲ ချစ်သူတွေပါလား "

ဟို‌နေ့က Min Joon နဲ့ ရန်ဖြစ်ခဲ့တဲ့ သတင်းက ဘယ်လို ဖြစ်သွားလဲ မသိပင်မယ့် အပြင်ကို ပေါက်ကြားသွားခဲ့သည်

ကိုယ်တိုင်က အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်တာရယ် Kim Taehyung ဘက်ကလည်း US အခြေစိုက် လုပ်ငန်းတွေနဲ့ နာမည်ရပြီးသားဖြစ်လို့ တော်တော်များများက ကျနော်တို့ကို သိပြီးသား

MINE [Completed]Where stories live. Discover now