Part 23

9.5K 787 16
                                    

Unicode

ဌာနကိုရောက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ နှင်းဆီပန်းစည်းကြီး...

*Hyung လို သိပ်လှတဲ့ နှင်းဆီပန်းတွေ ကျနော် ရှာလာခဲ့တယ်*

တော်တော်ကြာနေခဲ့ပြီ.. ဒီလိုတွေ ရောက်မလာတော့တာ.. မေ‌့တောင်မေ့နေခဲ့တာ ဒီကိစ္စတွေကို..

အခုလည်း စားပွဲပေါ်က ပန်းစည်းကို ဘေးချကာ အလုပ်စလုပ်ဖို့ ပြင်ရတယ်

ကျနော့်အတွက် လက်ထောက်က သီးသန့်မရှိသေးတော့ ကြုံရာလူက ဝင်ကူညီပေးနေရတယ်.. လူအလှည့်အပြောင်း နဲ့မို့ သိပ်တော့ အဆင်‌မပြေဘူး

ခဏကြာတော့ ဝင်လာတဲ့ message..

*Hyung က သိပ်ရက်စက်တယ်ဗျာ.. သိပ်လှတဲ့ နှင်းဆီတွေကို ဘေးချထားရက်တယ်*

တစ်ခါမှ မတွေ့ဖူးတဲ့ နံပါတ်အစိမ်းနဲ့ ဝင်လာတဲ့ message မို့ သိလိုက်မိတယ်.. ဒါက ပန်းစည်းပို့တဲ့ တစ်ယောက်...

message ကို ဖျက်လိုက်ကာ Patient
စာရင်းတေွ စစ်နေတုန်း တံခါးခေါက်သံကြောင့် လှည့်ကြည့်မိလိုက်တယ်

"Min Joon.."

"Hyung ကလည်းဗျာ.. ကျနော်ပေးတဲ့ ပန်းစည်းကို ဘာလို့ လက်မခံတာလဲ.."

"ပန်းစည်းက မင်းပေးတာလား..."

"suprise ဖြစသွားလား Hyung..."

သူက ပြုံးနေနိုင်င်မယ့္ ကျနော်ကတော့ မပြုံးနိုင်ခဲ့ဘူး... အရင်က တစ်ချိန်လုံး လက်ဆောင်တွေ ရနေခဲ့တာ သူ့ဆီကလား... Min Joon က ဘယ်လိုလူမျိုးများလဲ ... ဘာကြောင့်ဒါတွေကို လုပ်နေခဲ့တာလဲ သိချင်လာမိတယ်..

"ကျနော် က Hyung ကြိုက်မယ် ထင်ထားတာ... ဒါတွေကို မနက်တည်းက အစောကြီးထပြီး ပန်းခင်းထဲက ခူးလာခဲ့တာ.. hyung က ဘယ်လို ပန်းကို ကြိုက်တာလဲ.. နောက်ဆို ယူလာခဲ့မယ်နော်"

"တစ်လျှောက်လုံး ဒီအဓိပ္ပာယ် မရှိတာတွေ လုပ်နေခဲ့တာလား.. ဒီဘာမဟုတ်တဲ့ လက်ဆောင်တွေကို အချိန်ကုန်ခံပြီးပို့နေခဲ့တာလား... "

"ဘာအဓိပ္ပာယ္မှ မရှိတဲ့ အလုပ်တဲ့လား.. ကျနော့်အတွက်တော့ အဓိပ္ပာယ် ရှိပါတယ်... အဲ့တုန်းက နေ့တိုင်းပျော်ခဲ့ရတာ အရူးလိုဘဲလေ..."

MINE [Completed]Where stories live. Discover now