Unicode
"ဒီမှာ ခဏ နားကြမလား"
ခုံလေးတွေ စီတန်းထားတဲ့ လမ်းတစ်လျှောက်ကို လက်ညှိုးထိုးကာ ပြောလာတဲ့ သူ..
မနေ့က ကျနော့် မွေးနေ့ပင်မယ့် လျှောက်သွားကြဖို့က အဆင်မပြေခဲ့တော့ ဒီနေ့မှာဘဲ လျှောက်သွားဖြစ်ကြသည်
Boston Public Garden
ဒီနေရာက သိပ်လှသည်
နွေဆို တစ်မျိုးလေး လှသလို အခုလို ဆောင်းတွင်းလည်း ချမ်းစိမ့်စိမ့်နဲ့ တစ်မျိုးလေး လှသည်နွေဆိုရင်တော့ ဒီနေရာမှာ swan တွေ စီးတာက popular အဖြစ်ဆုံးပေါ့
အခုတော့ ရေတွေ ခဲနေတော့ swan နေရာလေးက ပိတ်ထားပုံပေါ်သည်
"ဖြည်းဖြည်းလျှောက် Kim Taehyung.. Ian နဲ့ဘဲ စကားပြောမနေနဲ့ ချော်လဲကုန်မယ် "
ပန်းခြံထဲက တံတားလေးကို ဖြတ်လျှောက်ပြန်တော့ ဆောင်းတွင်းမို့ ရေခဲတွေက အပြည့်နေရာယူထားသည်
Ian လက်ကို တွဲကာ စကား တပြောပြောနဲ့ သွားနေတော့ Jeon Jungkook က ကျနော့်ကို ဆူသည်
YOU ARE READING
MINE [Completed]
FanfictionKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022