Unicode
အသီးခြင်းတွေရယ် မုန့်မျိုးစုံနဲ့အတူ စောင့်နေကြတဲ့ Jungkook တို့အဖွဲ့
"မလာလည်း ရပါတယ်လို့ အခုတောင် အတော်အားနာနေရပြီ "
"အသဲလေးကလည်း အားနာစရာမှ မဟုတ်တာ "
မေးဖျားချွန်ချွန်ကို ကိုင်ကာ မျက်စိတစ်ဘက်မှိတ်ပြရင်း Seo Jun က ပြောလာတယ်
"ဖယ်စမ်းပါကွာ မင်းက တကယ် မျက်စိနောက်ဖို့ကောင်းတယ်"
Seo Jun ရဲ့ အနီရောင် leather jacket ကိုဂုတ်ကကိုင်ဆွဲကာ ကျနော့်လက်ထဲ အသီးခြင်းတွေ ထည့်ပေးလာတဲ့ Jungkook... Kija ကတော့ နှစ်ယောက်ကို ကြည့်ကာ ရယ်နေပြန်တယ်
"ဒါတွေ ထားလိုက်အုံးမယ် "
သူတို့လက်ထဲက ပစ္စည်းတွေကိုယူကာ အမေ့အခန်းထဲကို ထည့်ထားပေးလိုက်တယ်
VIP Room တဲ့... ဘဝမှာ ပထမဆုံးအကြိမ် ဝင်ဖူးတာ.. operation လုပ်ပြီး အခြေအနေကောင်းလာပြီဖြစ်တဲ့ အမေက သူတို့ကြောင့်သာ ရှင်သန်နေနိုင်တာ
မှေးစက်နေတဲ့ အမေ့မျက်ဝန်းတွေကို စေ့စေ့ကြည့်မိတယ်.. ချောင်ကျနေခဲ့တာ ပင်ပန်းနေခဲ့တာ ထင်ပါတယ်...
"နောင်တ ရနေခဲ့တယ် မဟုတ်လား "
Kija က အမေ့ကိုကြည့်ကာ အဆက်အစပ်မရှိတဲ့ စကားကို ပြောလာတယ်"ဟမ် "
"အကယ်၍များ မကယ်နိုင်တော့ရင် ဆိုတာကိုတွေးပြီး အရင်က အမေကို ကောင်းကောင်း မဆက်ဆံဖြစ်ခဲ့လို့ နောင်တရနေခဲ့တာ မဟုတ်လား "
ခပ်တည်တည်နဲ့ ပြောနေတဲ့ Kija က မျက်ရည်တွေဝဲကာ အတော့်ကို ဝမ်းနည်းနေတယ်
"အင်း တကယ် နောင်တရနေခဲ့တယ် "
"ငါလည်း ဖြစ်ခဲ့ဖူးတယ် အခုတော့ အမေက ဆုံးသွားခဲ့ပြီ ကောင်းကောင်းဆက်ဆံပေးဖို့ အခွင့်အရေးတောင် မရှိတော့ဘူး "
ဒီလိုဘဲ မဟုတ်လား ရှိနေချိန်မှာ အတတ်နိုင်ဆုံး ကောင်းေကာင်း ဆက်ဆံပေးရမှာပေါ့
သူတို့က နေ့တိုင်းဆေးရုံကို လာကြတယ်.. စာတော်လွန်းတဲ့ ကျနော့်ကို စာမလိုက်နိုင်မှာစိုးလို့ နေ့တိုင်း ကျောင်းစာတွေ ကူးလာပေးတယ်
YOU ARE READING
MINE [Completed]
FanfictionKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022