Unicode
အဝင်ဝမှာ Medica Zone ဆိုတဲ့ သိပ်လှတဲ့ logo ကြီးက ထင်းနေအောင် မြင်နေရတယ်..
အင်း LA မှာထက်တောင် ပိုပြီး ကြီးကျယ်ခမ်းနားနေသေးတာ ဒီက headquarter မို့လို့များလား
"မင်္ဂလာပါ Dr Kim... Park Bora ပါ ဒီနေ့ကစပြီး လက်ထောက်အနေနဲ့ တာဝန်ယူရမှာပါ "
နှလုံးဘက်ခြမ်းကို ရောက်တော့ သက်ဆိုင်ရာ ကျနော့်လက်အောက်မှာ တာဝန်ကျတဲ့ nurse က နှုတ်ဆက်လာတယ်
သူက ပထမဆုံးဘဲ.. စဝင်လာတည်းက လူတွေအားလုံးက သူ့အလုပ်နဲ့ သူ အလုပ်များနေကြတော့ ဒီ မိန်းကလေးက ပထမဆုံး နှုတ်ဆက်တဲ့သူ ဘဲ
"ခဏနေလောက်ဆို MD (Managing Director ) က ရောက်လာတော့မှာပါ.. Dr Kim က ဒီနေ့မှ စပြီး အလုပ်ဆင်းမှာဆိုတော့ သူနဲ့ ရင်းနှီးအောင် ကြိုးစားသင့်ပါတယ်.. MD က အရမ်းကို စိတ်ကြီးပြီး စိတ်ဆတ်တဲ့ လူမို့ နည်းနည်းတော့ သတိထားစေချင်ပါတယ် "
တစ်နေ့တာရဲ့ လုပ်ရမယ့်အလုပ်တွေ schedule တွေကို မနားတမ်းပြောရင်း အဆုံးသတ်တာက MD ဆိုတဲ့ သူအကြောင်း
"ဟုတ်ကဲ့ပါ ကျနော် သွားတွေ့လိုက်ပါ့မယ် ဒီနေ့ရဲ့ patient တွေကို စပြီး ခေါ်လို့ရပါပြီ သူတို့ကို အကြာကြီး စောင့်မနေစေချင်ဘူး "
ခဏကြာတော့ ပထမဆုံး ကျနော့်ရဲ့လူနာရောက်လာတယ်.. ကလေး ပေါက်စလေးက Ian နဲ့ဆို သိပ်မကွာဘူးဘဲ
ဒီသေးသေးလေးက သနားစရာကောင်းလောက်အောင် မွေးရာပါ နှလုံးရောဂါသည် ဖြစ်နေတော့တယ်.. ကျနော့်အကိုလိုဘဲ ပေါ့
တစ်မနက်လုံး မနားတမ်း patient တွေကို ကြည့်ပြီးတော့ နေ့လည်စာ စားချိန်တောင် ရောက်မှန်းမသိ ရောက်နေခဲ့ပြီ
"Dr Kim.. MD က တွေ့ချင်လို့ပါတဲ့ "
"အမ် အခုမှလား သူက MD ဖြစ်ပြီး နေ့လည်လောက်မှ အမြဲ လာတတ်တာလား "
"အာ MD က အရမ်းကို အလုပ်များလို့ပါ သူက ဒီမှာသာ MD ရာထူးပင်မယ့် ကိုရီးယား တစ်နိုင်ငံလံုးမှာဆို အရမ်းကို အောင်မြင်တဲ့ စီးပွားရေး သမားပါ.. Dr Kim တွေ့ရင် သိမယ့်လူမျိုးပါ "
အမွှန်းတင်လွန်းနေတဲ့ Bora ရဲ့စကားအဆုံး MD ဆိုတဲ့သူဆီ ထွက်လာလိုက်တယ်
YOU ARE READING
MINE [Completed]
FanficKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022