Part 2

16.4K 1.4K 128
                                    

Unicode

"အထူးအဆန်း‌ ဟေ့ Jeon Jungkook က ကျောင်းကို ပုံမှန်လာနေတယ် !!! "

အခန်းထဲကို ဝင်ဝင်ချင်း Seo Jun က ရွဲ့သလိုပြောလာတယ်

တစ်ပတ်ပြည့်ခဲ့ပြီ.. LA မှာတောင် ကျောင်းကို ပုံမှန်တက်တဲ့ရက်က ခပ်ရှားရှားပင်မယ့် ပထမဆုံး အကြိမ် ကျောင်းကို ပုံမှန်လာဖြစ်သည်

အရင်ကဆို စာမေးပွဲ နီးမှသာ လာလေ့ရှိတယ်..

"မင်း မဟုတ်မှလွဲရော Kim Taehyung ကို ကြိုက်နေတာ မဟုတ်လား "

"ဖယ်စမ်းပါကွာ အဖေ့ရဲ့ နားပူ မခံနိုင်လို့ လာနေရတာ "

ရှေ့မှာ ပိတ်နေတဲ့ Seo Jun ကို တွန်းကာ ထိုင်ခုံမှ ဝင်ထိုင်လိုက်သည်

နောက်မှီကို လျှောထိုင်ကာ စာရေးခုံပေါ် ခြေထောက်တွေကို တင်ထားလိုက်တယ်.. အတန်းထဲမှာ ကျနော့်စားပွဲက အရှင်းဆုံးဘဲ.. ခဲတံတစ်ချောင်းတောင် ရှိမနေဘူး

"ဟော သူလာပြီ ဒီနေ့ ပိုလှနေပင်မယ့် အသဲလေးက ငိုထားတယ်ကွာ"

မျက်လုံးတွေ ကျွတ်‌ထွက်မည့်အတိုင်း Seo Jun က ဟိုတစ်ယောက်ကို လိုက်ကြည့်ကာ စိတ်ပူနေသေးသည်

"ငိုထားတာ မင်းဘယ်လို သိလဲ "

Kija က ‌ပီကေ ကို ဝါးရင်း ပြောလာတယ်

"သတင်းကြီး ကို မသိဘူးလား.. မနေ့ညက အချောလေး အမေ ပြဿနာ တက်တယ်လေ.. အကြွေးရှင်က အိမ်ထိလာပြီး သောင်းကျန်းလို့ တစ်အိမ်လုံး ပျက်စီးသွားတယ်လေ.. မင်းမတွေ့ဘူးလား အချောလေး မျက်နှာမှာ အညိုအမဲတွေလေ.. ငါ ရှိနေခဲ့သင့်တာ ခုတော့ ငါ့ အသဲလေး မျက်နှာ ဒဏ်ရာ ရ‌ကုန်ပြ‌ီ"

Seo Jun လို လူက ရှင်းပြတာတောင် အသားယူလိုက်ရမှ.. တစ်ချိန်လုံး အသဲလေး ဖြစ်နေတော့တာ

လူတွေက ကိုယ့်ကိစ္စမဟုတ်တာကို စပ်စုနေကြသေးသည်။ သူတို့ကသာ အာရုံစိုက်ပြီး ကြည့်နေကြတာ ဟို‌တစ်ယောက်က ရောက်တည်းက စာဖတ်နေပြီ

တစ်လုံးမှ နားမလည်တဲ့ စာတွေကို နားမထောင်နိုင်တော့လို့ ဟိုတစ်ယောက်ဆီ အကြည့်လွှဲမိသွားသည်..

တစ်ခုချင်းဆီကို သေချာလိုက်မှတ်ကာ ဂရုတစိုက် နားထောင်နေတဲ့ စာအတော်ဆုံး ကျောင်းသား.. သူ့လို လူမျိုးကို မမြင်ဖူးသေးဘူး

MINE [Completed]Where stories live. Discover now