Unicode
"အိမ်ရှေ့မှာ စောင့်နေတယ် "
ဖုန်းထဲကို ဝင်လာတဲ့ message ကြောင့် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မိသည်
Long coat အရှည်ကြီးနဲ့ နှင်းတွေကြားထဲ ရပ်နေတဲ့ Jungkook..
တစ်ပတ်ကျော်ပြီ ထင်တယ် နှစ်ယောက်သား စကားတစ်လုံးတောင် မပြောဖြစ်သလို အဆက်အသွယ်လည်း ဘယ်သူ့ဘက်မှ စ မလုပ်ဖြစ်ဘူး
နှစ်ယောက်လုံးရဲ့ကြားမှာ မာနဆိုတာက ကြားခံနေတော့ လွမ်းနေသေးတာတောင် မဆက်သွယ်ခဲ့မိဘူး
ဘာမဟုတ်တဲ့ သတင်းသမား ကိစ္စကနေ စကားများခဲ့တာကိုလည်း ခုထိ မမေ့နိုင်သေးဘူး..
ချိတ်ထားတဲ့ ကုတ် အညိုလေးကို ကောက်ဝတ်ကာ အိမ်ရှေ့ထွက်လိုက်တော့
"တောင်းပန်ပါတယ် "
ပန်းစည်းအကြီးကြီးကို ထိုးပေးကာ မျက်နှာအောက်ငုံ့လို့ထားတဲ့ သူ.. သူက စပြီး အလျော့ပေးခဲ့တယ်
"ငါလည်း တောင်းပန်ပါတယ် မင်းကို စိတ်မဆိုးခဲ့သင့်ဘူး "
ဒီအခြေအနေကြီးက ရုတ်တရက်ကြီး အဆင်ပြေသလိုလို ရှိသွားပြန်တော့ ကျနော့်တို့ကြားမှာ ရှေ့ဆက်ရမယ် စကားက ပျောက်နေရှာတယ်
"အင်း မုန့်စားချင်လား hot chocolate ကြိုက်တယ် မဟုတ်လား "
ကျနော့်လက်ကို ဆွဲကာ သူ့ကားအညိုရောင်ထဲ ဆွဲသွင်းပြန်တယ်.. driver seat ဆီလာကာ ဝင်ထိုင်ပြီး ခါးပတ် ပတ်ပေးနေပြန်တယ်
မပြောတတ်ဘူး ဒီအခြေအနေကြီးကို သိပ်သဘောကျနေတာ.. အရမ်းလည်း ပျော်နေတာ ဖုံးမရ ဖိမရ ဖြစ်နေတယ်
"ကားအသစ် လဲထားတာလား "
သူက အမြဲ အရောင် ရင့်ရင့်သာ သုံးတတ်တော့ အညိုရောင်သုံးတာက ပထမဆုံး မြင်ဖူးခြင်း
"အင်း မင်းက အညိုကြိုက်တယ် ထင်လို့ "
"အာ .. ကြိုက်ပင်မယ့် ခဲရောင်လို အရောင်နုနုကို ပိုကြိုက်တာ "
"အော် သိပြီ "
ထပ်ပြီး တိတ်ဆိတ်သွားပြန်တဲ့ ကျနော်တို့ကြားက လေထု..
YOU ARE READING
MINE [Completed]
FanfictionKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022