Unicode
လူ ၃ ယောက် စားမှာကို ၁၀ ယောက်စာလောက်ပြင်ထားတဲ့ စားပွဲဝိုင်း အကျယ်ကြီး.. အကုန်လုံးက ကျနော် စားနေကျ အတိုင်းဘဲ
တိတ်ဆိတ်လွန်းနေတဲ့ VIP Room ထဲမှာ ကျနော့်ကို စိုက်ကြည့်နေကြတဲ့ Ian နဲ့ Jeon Jungkook.. Ian ကတော့ စားရတော့မလား ဆိုတဲ့ အကြည့်..
သူကရော.. သူ့အကြည့်တွေက အဓိပ္ပာယ်ကောက်လို့မရဘူး..
"ဘာလုပ်နေတာလဲ.. ကလေးကို အနေခက်အောင် "
မျက်လုံးတွေ လှန်ကြည့်ကာ ကျနော့်ကို ပြောလာတယ်..
"ပုစွန်စားမလား Ian .. ပါပါး နွှာပေးမယ် လေ"
ရှေ့က ပုစွန်တစ်ကောင်ကို ယူကာ အခွံနွှာပေးပြီး Ian ပန်းကန်ထဲ ထည့်ပေးလိုက်တော့ သူကလည်း အားကျမခံ steak ကို လှီးပြီး ထည့်ပေးလာတယ်
"Ian က steak မကြိုက်ဘူး "
"မင်းစားလိုက် ပေါ့ "
ကျနော့်ဆီ ပြောင်းထည့်ပေးလာတယ်
Ian ကတော့ ကလေးမို့ စားစရာတွေ အများကြီး ရှိနေတာကို ပျော်နေတယ်.. ကျနော်ကတော့ အနေခက်လွန်းနေတယ်
ဘာတစ်ခုမှ မစားဘဲ ကျနော့်ကိုသာ စိုက်ကြည့်နေတော့ ဘယ်လို စားဝင်ပါ့မလဲ
"မင်းဘာဖြစ်နေတာလဲ ဘာလို့ ငါ့ကိုဘဲ ကြည့်နေတာလဲ အဲ့လိုကြည့်ေနတာကို မကြိုက်ဘူး "
လက်က ကိုင်ထားတဲ့ ဇွန်းကို စောင့်ချကာ မေးမိတော့ Ian က စားနေရင်းနဲ့ အသားတွေ ပြန်ချကာ လက်လေးပိုက်ပြီး ငြိမ်ငြိမ်လေးထိုင်နေတယ်
"အဲ့တော့ ဘယ်လိုလုပ်ပေးရမလဲ ငါက မင်းကိုဘဲ ကြည့်ချင်နေတာ "
စားပွဲပေါ် ညာဘက်လက်တင်ကာ မေးထောက်ထားပြီး မျက်ခုံး နှစ်ဘက်ကို တွန့်ပြကာ ပြောနေတဲ့ သူ... တကယ် မုန်းစရာ
"တော်ပြီ ပါပါးတို့ ပြန်ကြမယ် Ian .. "
Ian လက်ကို ဆွဲကာ ထွက်သွားဖို့ ပြင်တော့
"ဘာလို့ ထားခဲ့ရက်ရတာလဲ.. ကလေး သေးသေးလေးကိုတောင် ဒီလောက်ချစ်နိုင်သေးရင် ဘာလို့ ငါ့လိုကောင်ကို အများကြီး မချစ်ပေးနိုင် ခဲ့ရတာလဲ "
YOU ARE READING
MINE [Completed]
FanfictionKim Taehyung ကို တစ်ကောင်မှ မထိနဲ့ သူက ငါ ပိုင်တာ 𝑠𝑡𝑎𝑟𝑡 : 12.12.2021 𝑒𝑛𝑑 : 17. 2. 2022