1.

5K 150 6
                                    

Unicode

Noway , Bergen

Bergen မြို့ရဲ့ လမ်းကြားလေးတွေကို သိပ်သဘောကျတတ်တဲ့တစ်စုံတစ်ယောက်ရှိသတဲ့ ။ ပြီးတော့ နွေဦးက မေပယ်ရွက်တွေကိုရောပဲ...
.
.
လမ်းတစ်လျှောက် သစ်ရွက်ကြွေတွေက လေနဲ့အတူ ဝှေ့ယိမ်းလို့နေတယ်။ အောက်မှာခင်းကျင်းထားတဲ့ ကျောက်စရစ်ခဲတွေက မညီမညာ လှပမူရှိပါတယ် ။ နွေဦးကရူးချင်စရာရယ် ။ အရောင်စုံ အိမ်လေးတွေက ပနံသင့်လို့ ချစ်စဖွယ်အတိ ။ ညနေခင်းအချိန် Norway ရဲ့ လမ်းကြားလေးတွေထဲမှာ လမ်းလျှောက်ရတာကို ရှောင်းကျန့်ကသိပ်ကြိုက်တယ် ။

​သူကပန်းချီဆရာတစ်ယောက်ဖြစ်တာမလို့ ညနေခင်းတွေဆို လမ်းပတ်လျှောက်ရင်း Norway ရဲ့ အနုပညာတွေကို ခံစားလေ့ရှိတယ် ။ ဒါဟာ ပြောရရင်တော့ သူ့အတွက် စိတ်အပန်းဖြေမှုတစ်ခုသာ ။ သီးသန့်ဆန်တဲ့ ဘဝကြီးမှာ သူ့အတွက်အားပြုစရာ အဖော်ဆိုလို့ ပန်းချီတွေရယ် လမ်းကြားလေးတွေရယ်ပဲရှိနေခဲ့ပါတယ် ။
ရှောင်းကျန့်ရဲ့ နေ့စဉ်တစ်နေ့တာ​တွေမှာတော့ ဝါမှိုင်းမှိုင်း အိမ်လေးထဲမှာ ပန်းချီဆွဲရင်း ညနေခင်းတွေဆို လမ်းထွက်လျှောက်ရင်းနဲ့ပဲ ကုန်ဆုံးတယ် ။
ဘယ်လိုဖြစ်ဖြစ် Bergen မှာနေထိုင်ရတဲ့ နေ့ရက်တွေဟာ သူ့အတွက်တော့ အပျော်ရွှင်ရဆုံးနေ့ရက်တွေပါပဲ ။ အတိတ်က စိတ်ပျက်စရာ အထီးကျန်နေ့ရက်တွေထက်ဆိုင်ရင်ပေါ့ ။

တစ်နေကုန်ပန်းချီဆွဲပြီးတဲ့အခါ သည်ကနေ့ညနေခင်းမှာလည်း အရင်နေ့တွေလိုပဲ ရှောင်းကျန့်က လမ်းလျှောက်ထွက်တယ် ။ဒီနေ့ညနေခင်းကတော့ အရင်ညနေခင်းတွေထက် နည်းနည်းမှောင်စပြုပါတယ် ။ လမ်းကြားလေးတွေတိုင်းမှာ အဝါရောင်မီးလုံးလေးတွေ တပ်ဆင်ထားပြီး လမ်းတစ်လျှောက် မီးလုံးလေးတွေက သူ့အပေါ် ဖြာကျတယ် ။ သူပြုံးရင်း ကောင်းကင်ပေါ် မေ့ကြည့်လိုက်တော့ ကြယ်တွေတောင် ဟို တစ်စ ဒီတစ်စ ထွက်လို့နေပြီ ။ ဒီလိုနဲ့ သူထပ်ပြုံး မိတယ် ဒီနေ့မှာတော့ သူကအ​တော်​​လေးစိတ်ပျော်နေခဲ့ပါတယ် ။
ရှောင်းကျန့်က ​မိုးပေါ်မော့လို့ရပ်ကြည့်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူ့ကိုဦးတည်လို့ တမင်သ က်သက်ဝင်တိုက် လိုက်သလိုပဲ ။ လမ်းကြားလေးကလူတစ်ယောက်လုံးကို ဝင်တိုက်ရအောင်လို့ ကျဥ်းမှမကျဥ်းပဲလေ ။ အရှိန်မပြင်းတာမို့ နောက်ကိုခြေတစ်လှမ်းယိုင်သွားရုံလောက်ပဲဆိုပေမယ့် ဒေါသကထောင်းခနဲ ။
သူ့ကိုဝင်တိုက်တဲ့အမျိုးသားကို မကျေနပ်စိတ်ကြောင့် မျက်မှောင်ကျုံ့ပြီးကြည့်ရင်း ဆိုတယ်

Memorable Spring ( Completed) Where stories live. Discover now