2.

1.7K 128 2
                                    

Unicode

တစ်ပတ်တာရဲ့ တနင်္ဂနွေ နေ့တွေဟာ ပျင်းဖို့ကောင်းလွန်းတယ်လို့ ရှောင်းကျန့်ကတွေးနေမိတယ် ။ မှန်ပြတင်းပေါက်ကနေ မြင်နေရသော လမ်းပေါ်မှာကြွေကျပြန့်ကျဲနေတဲ့  မေပယ်ရွက်တွေကတောင် အရင်လို မလှနေသလိုပဲ ။ ဒါပေမယ့် မေပယ်ရွက်တွေက လွတ်လပ်တယ် လေတိုက်ရင် လေနဲ့အတူ လွှင့်ပါသွားမယ် ဒါမှမဟုတ်ရင်လည်း ဒီတိုင်းလေးပဲ သူ့သူလမ်းပေါ်မှာ ငြိမ်ငြိမ်လေးရှိနေလိမ့်မယ် ။ ယခုလက်ရှိမှာလည်း အိပ်ယာထထချင်းကုတင်ပေါ်ထိုင်ရင်းကနေ ပြတင်းပေါက်အပြင်ကိုကြည့်ပြီး မေပယ်ရွက်တွေအကြောင်း စဥ်းစားခန်းဖွင့်နေတာ ရှောင်းကျန့် တစ်ယောက်ပဲရှိပါလိမ့်မယ် ။

တနင်္ဂနွေ​နေ့တွေဟာ ရှောင်းကျန့်ရဲ့အားလပ်ရက်ဖြစ်တယ် ။ ဒါကသူကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းချီဆွဲတာနားတဲ့ရက် ။ ဒါပေမယ့် တကယ်တမ်းကျတော့လည်းအားလပ်ရက်မဟုတ်ပြန်ပါဘူး ။
တစ်ပတ်စာ အိမ်အလုပ်တွေက  တနင်္ဂနွေ​နေ့ကိုဆီးကြိုနေတာကြောင့်ဖြစ်တယ် ။ အိမ်ယာထရင် တစ်ပတ်စာအတွက် စျေးဝယ်ထွက်ရတယ် ။
ပြီးရင် သန့်ရှင်းရေး ဘာညာလုပ်ရင်းနဲ့ ရှောင်းကျန့်ရဲ့အားလပ်ရက်ကြီးက ကုန်ဆုံးသွားရော ။

စျေးဝယ်ထွက်ရတာ နည်းနည်း တော့ပျော်ဖို့ကောင်းပါတယ် ။ တစ်ပတ်မှာတစ်ရက်လေး ပိုက်ဆံဖြုန်းရတာ အရမ်းတော့မဆိုးနေဘူးမလား ။
ပစ္စည်း တစ်ခုခုကိုမျက်စိကျသွားလို့ကတော့ လိုအပ်တာတွေ မလိုအပ်တာတွေ မစဥ်းစားတော့တဲ့ ရှောင်းကျန့်ရယ်ပါ ။ ဝယ်ကိုဝယ်လိုက်ရမှာ စိတ်ကျေနပ်နိုင်တာမျိုးဖြစ်တယ် ။
ပြီးရင် အသုံးမလိုလို့ ပစ်ထားလိုက်ရတာချည်းပဲ ။
အခုလည်း အိမ်မှာရှိနေပြီးသားဖြစ်တဲ့ ငါးမွေးကန်လေးကိုလက်တစ်ဖက်နဲ့သေချာပိုက်ထားပြီး နောက်လက်တစ်ဖက်က တစ်ပတ်စာအတွက် အထုတ်ကြီးဆွဲလို့ အိမ်အပြန်လမ်းလေးက မေပယ်ရွက်ကြွေလေးတွေပေါ်မှာ တရွေ့ရွေ့ ။
.
.
အိမ်ရှေ့မှာ တစ်စုံတစ်ယောက်ရပ်နေတာကို
ရှောင်းကျန့်ကအဝေးကနေလှမ်းမြင်နေရတယ် ။ ထိုတစ်စုံတစ်ယောက်ဆီသို့ တဖြည်းဖြည်း နီးလာတဲ့အခါ... သူပြန်လာတာတွေ့တော့ ပြေးလာပြီး လက်ထဲကငါးကန်ကြီးကိုလာဆွဲပါလေရော ။ သူကလည်းရုတ်တရက်ဆိုတော့ ကြောင်နေတာနဲ့ ငါးကန်က ရှေ့ကလူလက်ထဲ ရောက်သွားပြီ ဖြစ်တယ် ။
ဤသို့​​ဖြင့် ​အလန့်တကြားနဲ့

Memorable Spring ( Completed) Where stories live. Discover now