10.

973 69 1
                                    

Unicode

လမ်းလျှောက်ပတ်သွားရင်း စိတ်ဝင်စားစရာကောင်းတဲ့ဆိုင်မျိုးတွေ့လိုက် ဝင်လိုက် ၊ လှပတဲ့နေရာမျိုးတွေမှာ ဓာတ်ပုံရိုက်လိုက်နဲ့ ပင်ပန်းတယ်လို့ကိုမထင်မိအောင် ပျော်မြူးနေခဲ့ကြတာပင် ။
ဘဝမှာ ဒီလောက်အကြာကြီး လမ်းလျှောက်ရင်း Oslo မြို့ထဲပတ်သွားဖြစ်လိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး ။ ထို့အပြင် ရှောင်းကျန့်နဲ့အတူတူပေါ့ ။
.
.
' ကျွန်တော်တို့ ပတ်သွားနေတာ မိုးတောင်ချုပ်တော့မယ်နော် '

' ပြန်ကြတော့မလားဒါဆို '

' အခုရောက်နေတာ ဘယ်နေရာမှန်းမသိတော့ဘူး ကျွန်တော်တို့ လမ်းမပေါ်အရင်သွားမယ်လေ
Bus စီးပြီး hotel ပြန်ရအောင် '

' အင်း သွားရအောင် '

ထို့နောက်လမ်းကြားတွေ တစ်ခုပြီးတစ်ခုကနေဖြတ်ရင်း ၁၀ မိနစ်လောက်နေတော့ လမ်းမပေါ် ရောက်ပြီဖြစ်တယ် ။ လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်တန်းတွေနဲ့ လူတွေအတော်စည်နေတယ် ။ Oslo ရဲ့ညမြင်ကွင်းက စိတ်ချမ်းသာစရာလေး ။ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက လင်းလက်နေခဲ့တယ် ။ ညဘက်အပြင်မထွက်ခဲ့ဖူးတဲ့ ကလေး တစ်ယောက်လိုမျိုး ။

' ကျန့်ကော ဒီလမ်းမကြီးပေါ် လမ်းလျှောက်ချင်သေးလား '

' ရိပေါ်ရော '

တကယ်တန်းကျတော့ ဝမ်ရိပေါ်ဟာ ညောင်းလာပြီမို့ အနားယူချင်နေပြီ ။ ဒါပေမယ့် ရှောင်းကျန့်က လမ်းပေါ်နေချင်သေးတယ်ဆိုရင်လည်း သူ့အတွက်ကအဆင်ပြေတယ် ။

' ကျန့်ကောသဘောပါပဲ '

ရှောင်းကျန့်က လမ်းပေါ်ဝေ့ဝဲကြည့်ရင်း ခနလောက်စဥ်းစားပြီးမှ

' တကယ်တော့ ညောင်းနေပြီ hotel ပဲပြန်တော့မယ် '

' ဟုတ်ပါပြီဗျ ..
ဟိုမှာ Bus လာနေပြီ ကော '

Bus ပေါ်ရောက်တော့ ဝမ်ရိပေါ်က မှန်ပြတင်းဘက်မှာထိုင်တယ် ။ Bus က Taxi စီးရတာထက်ဆိုင်ရင် နှေးတာမို့ ဝမ်ရိပေါ် တစ်ယောက်တဖြေးဖြေးနဲ့ အိပ်ငိုက်လာခဲ့တယ် ။ ခေါင်းကဘေးကမှန်ပေါ်မှီထားတာမို့ ကားသွားတဲ့ အရှန်နဲ့ တတောက်တောက်ဆောင့်လို့ ။ မကြည့်ရက်တော့တဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ခေါင်းကို ဖြေးဖြေးချင်း ကိုင်လို့ သူ့ပုခုံးပေါ်မှီထားစေလိုက်တယ် ။ ဝမ်ရိပေါ် ပြုံးသွားတာကိုတော့ သူမသိလိုက်ဘူးပေါ့ ။

Memorable Spring ( Completed) Where stories live. Discover now