Unicode
ဆည်းဆာချိန်ရဲ့ကာလာ က ဝါကျင်ကျင်လေး။
ဝင်ခါနီးနေရောင်ခြည်က လမ်းပေါ်မှာ ထင်ဟပ်လို့နေတယ် ။ သိပ်မကြာပါဘူး နေလုံးကြီးက ပျောက်ကွယ်သွားခဲ့တယ် ။
အနည်းငယ်မှောင်စပြုတဲ့ အချိန်မှာတော့ ဝမ်ရိပေါ်ခေါ်လာတဲ့နေရာသို့ ရောက်ခဲ့ကြတယ် ။ ဤနေရာကတော့ သာယာလှပပြီး လေကောင်းလေသန့်ရတဲ့ oslo ဆိပ်ကမ်းပင်ဖြစ်တယ် ။ ဝမ်ရိပေါ်က
ဆိပ်ကမ်းဘောင်ပေါ်မှာခြေထောက်ကိုအောက်သို့ တွဲလျောင်းချပြီး ဦးဆောင်ထိုင်တယ် ။ ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်လွန်းလို့ ရေလှိုင်းခတ်သံအပြင် ဘာအသံမှမကြားရ ။
ပြီးတော့ သူတို့နှစ်ယောက်ထဲအပြင် တခြားမည်သူတစ်ဦးတစ်ယောက်မှ ရှိနေတာမတွေ့ရဘူး ။ ပတ်ပတ်လည်ကိုစူးစမ်းမူအပြီးမှာတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ဘေးတွင် ထိုင်ချလိုက်တယ် ။
ထိုနေရာမှာတော့ လေအေးအေးတွေပဲတိုက်တယ် ။' ကျန့်ကော ကားပေါ်မှာလည်းဘာမှမစားဖြစ်ကြဘူး ဗိုက်မဆာဘူးလား '
' ဆာတယ် '
' မုန့်အရင်စားမယ်လေ ဒါဆို '
' Ok '
လွယ်အိတ်ထဲကနေ ပေါင်မုန့် နှစ်ထုပ်နဲ့ ရေတစ်ဘူးထုတ်လိုက်တယ် ။ ပေါင်မုန့်ကိုယ်စီကိုင်ရင်း တိတ်တိတ်ဆိတ်ဆိတ်စားနေကြတယ် ။ ဝမ်ရိပေါ်ကနှစ်ကိုက်သုံးကိုက်နဲ့တင် စားလို့ကုန်သွားပြီတယ် ။
ရှောင်းကျန့်စားနေတာဟာ တကယ့်ယုန်လေးတစ်ကောင်အတိုင်းပါပဲ ။ တို့တိတို့တိနဲ့စားနေတာ တစ်ဝက်တောင်မကျိုးသေးဘူး ။ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကိုကြည့်နေရင်း သူပြောမယ့်စကားကို ဘယ်နေရာကနေစပြောရမှန်းလဲမသိသလို စိတ်ထဲပူပန်နေရတယ် ။ သူပြောပြမယ့်အကြောင်းတွေကြောင့် ရှောင်းကျန့်ဒေါသထွက် စိတ်ဆိုးသွားမှာကိုလည်း ကြောက်တယ် ။ ဒါပေမယ့် သူဟာ Oslo ကနေပြန်ပြီးတာနဲ့ သူ့မွေးရပ်မြေပေကျင်းကိုပြန်သွားရတော့မှာမို့ ဒီအကြောင်းကို
ပြောပြခဲ့ရမှဖြစ်မှာ ။ စိတ်ကိုအဆင်သင့်ပြင်ပြီးနောက်တော့ သူ့ဘေးကအမျိူးသားလေးရဲ့ နာမည်အပြည့်အစုံကို လေးလေးနက်နက်ခေါ်လိုက်တယ်
YOU ARE READING
Memorable Spring ( Completed)
Romanceနွေဦးရပ်ဝန်းရဲ့ ခပ်မှိုင်းမှိုင်းအဝါရောင်အိမ်လေး တည်ရှိခြင်းက ထာဝရဖြစ်ခဲ့တယ်