12.

859 71 3
                                    

Unicode

ခနကြာတော့ bus နောက်တစ်စီး ရောက်လာပြီဖြစ်တယ် ။ ရှောင်းကျန့်က ကား​ပေါ်အရင်တက်သွားပြီး
driver ကိုတစ်ခုခုပြောနေတာကို ရိပေါ်ကကြည့်နေတယ် ။ Driver နဲ့ပြောလို့ပြီးတော့ ရှောင်းကျန့်က နောက်ကိုလှည့်ကြည့်ပြီး bus ရဲ့ဒုတိယအထပ်ပေါ်တက်တော့ဖို့လှမ်းခေါ်တယ် ။

' ရိ ပေါ် လာလေ အပေါ်တက်မယ် '

Bus ရဲ့ဒုတိယအထပ်မှာ ခရီးသည်နှစ်ဦးသာလျှင်ရှိတယ် ။ လင်မယားလို့ထင်ရသည့် အသက်ကြီးကြီးအမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။ ထိုနှစ်ယောက်က ဘယ်ဘက်ရဲ့နောက်ဆုံးခုံမှာ အတူထိုင်နေကြတယ် ။
ထိုင်ခုံတန်းက ဟိုဘက်တစ်ခုဒီဘက်တစ်ခုဖြစ်ပြီး နှစ်ခုံတွဲလေးတွေဖြစ်တယ် ။ ရှောင်းကျန့်က ညာဘက်တန်း နောက်ဆုံးခုံရဲ့ ရှေ့ကခုံမှာ ဝင်ထိုင်တယ် ။ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ဘေးမှာလိုက်ထိုင်တယ် ။

နွေဦးရဲ့ နွေးထွေးသောလေညင်းတွေဟာ Bus ပေါ်က သူတို့ဆီကို ဖြတ်သန်းသွားတယ် ။ နှစ်ဦးသားရဲ့ ဆံပင်တွေကလည်း လေထဲလွှင့်မျှောလို့ ။ ရှောင်းကျန့်ဟာ ရယ်မောနေခဲ့ပါတယ် ။ Oslo ရဲ့လှပသောမြင်ကွင်းတွေရဲ့ အရသာကိုခံစားရင်း bus စီးရတာဟာ သူ့ဘဝမှာပျော်စရာအကောင်းဆုံးအခိုက်အတန့်လို့ခံစားရတဲ့အထိပဲ ။

ဝမ်ရိပေါ်ကတော့ Oslo ရဲ့အလှအပတွေကို မခံစားဘူး ။ Bus စီးရတဲ့အရသာကိုလည်း မခံစားဘူး ။
အဲ့ဒီအစား သူစိတ်မဝင်စားတဲ့ အရာနှစ်ခုလုံးမှာ ရယ်မောပျော်ရွှင်နေတဲ့ ဘေးကအမျိုးသားလေးကိုပဲ ငေးကြည့်ဖြစ်တယ် ။
ရယ်လိုက်ရင် မျက်လုံးလေးနှစ်ဖက် ကွေးတက်သွားတဲ့ရှောင်းကျန့်ဟာ ပတ်ပတ်လည်ကအရာတွေကိုစိတ်ဝင်တစားလိုက်ကြည့်နေပြီး  တစ်ခါတစ်ရံမှာတော့ တိုးဝေ့နေတဲ့ ပူနွေးနွေးလေညင်းကို မျက်လုံးမှိတ်လို့ ခံစားရင်း အရမ်းကိုပျော်နေတာ ။
ရှောင်းကျန့်ရဲ့ အမူအရာ ၊ အပြုံးလေးတွေနဲ့
ခေါင်းပေါ်က လေနဲ့အတူလွင့်နေပါသော ဆံပင်ပျော့ပျော့လေးတွေကအစ ဝမ်ရိပေါ်ကငေးရပါတယ် ။ ဝမ်ရိပေါ်အတွက်ကတော့ အပျော်ရွှင်ရဆုံးကဘာလဲလို့မေးရင်တော့ သူ့ရဲ့အညိုရောင်ဖျော့ဖျော့လေးကိုငေးကြည့်ရခြင်းလို့ ဖြေပါလိမ့်မယ် ။
ခနကြာပြီးတော့ ရှောင်းကျန့်က တစ်ခုခုကို ရုတ်တရက်သတိရသွားဟန်နဲ့ သူ့ကိုလှည့်ပြီးမေးတယ်

Memorable Spring ( Completed) Where stories live. Discover now