Unicode
Oslo ဆိပ်ကမ်းရဲ့ ညဘက်အချိန်ဟာ မီးအလင်းရောင် သိပ်မရှိဘူး ။ ဒါပေမယ့် ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေကိုတော့ မြင်နေရတယ် ။ သူပြောပြတဲ့အကြောင်းအဆုံးသတ်ပြီးလို့ ကြာပြီအထိ ရှောင်းကျန့်က ငြိမ်သက်နေခဲ့တယ် ။ ဝမ်ရိပေါ်ကလဲရှောင်းကျန့်အတွက် အချိန်တစ်ခုပေးထားတာဖြစ်တယ် ။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းတဲ့အခါ ဝမ်ရိပေါ်ကသူ့နှလုံးခုန်သံမြန်ဆန်မူကို သူကိုယ်တိုင်ကြားနေရတယ် ။ ရှောင်းကျန့်စိတ်ထဲ ဘယ်လိုဖြစ်နေသလဲဆိုတာကို မသိရတာကြောင့်သူ့ရင်ထဲမသက်မသာဖြစ်လာခဲ့တယ် ။ ရှောင်းကျန့်က သူ့ကိုမုန်းသွားမလားဆိုတာကိုတော့ တွေးတောင်မတွေးရဲဘူး ။' ရိပေါ် '
' ဟုတ် ကျန့်ကော '
' အဲ့နေ့ညက သိရက်သားနဲ့လား အခုမှမြင်ဖူးသလိုလုပ်ပြီး အိမ်လိုက်တည်းဖို့ပြောတာ '
ဒီလိုမေးလာလိမ့်မယ်ဆိုတာထင်ပြီးသားပါ ။ ရိပေါ်ကလဲ နောက်ဆက်တွဲတွေအတွက်ပြောပြပေးဖို့အဆင်သင့် ။
' အဲ့နေ့ညက ကျွန်တော်ကလေ....
ကောကိုတမင်ဝင်တိုက်ပြီး ဝင်ရောလိုက်တာ ဒါပေမယ့်ကောကတော့ ရက်စက်တယ် ကျွန်တော့်ကိုထားပစ်ခဲ့တာ '' ဘာပဲဖြစ်ဖြစ် မင်းက အဘိုး Mason အိမ်သွားဖို့လုပ်ထားတာပဲလေ '
ရှောင်းကျန့်က မကျေနပ်သလိုမျိုးလေးနဲ့ မျက်စောင်းထိုးတယ် ။ နှုတ်ခမ်းလေးကခပ်ဆူဆူ ဖြစ်နေတာတောင် ဝမ်ရိပေါ်က ရေးရေးကလေးမြင်နေရတယ် ။ အမှောင်ထဲမှာတောင် ရှောင်းကျန့်က သိပ်ချစ်ဖို့ကောင်းတာ ။ ဝမ်ရိပေါ်ရဲ့သဘောကျပြုံးလေးတွေက နှုတ်ခမ်းထက် ပြန်လို့ရောက်ရှိလာရင်းရင်ထိတ်နေရတာ နည်းနည်းသက်သာလာခဲ့ပြီ ။
' ကောသာ လိုက်တည်းခွင့်ပြုခဲ့ရင် ကျွန်တော် က အဖိုး Mason အိမ်မသွားဘူးပေါ့လို့....
ကျန့်ကော စိတ်ဆိုးလားဟင် '
' ဘာအတွက်လဲ......
' အရာရာတိုင်းအတွက် '
ရှောင်းကျန့်က ရှေ့ကရေပြင်ကျယ်ကြီးကိုပဲ ငေးနေခဲ့တယ် ။ သူသိလိုက်ရတဲ့ အကြောင်းအရာတွေအတွက် လိုက်မှီဖို့အချိန်လိုလိမ့်မယ်ဆိုတာကို ရိပေါ်ကနားလည်ပါတယ် ။ ပြီးတော့ ဝမ်ရိပေါ်က
နုနုရွရွ မိန်းကလေးတစ်ယောက်မဟုတ်ပဲ ယောကျာ်းတစ်ယောက်ဖြစ်နေတဲ့အတွက် ။ အဲ့အချိန်တွေကို ဝမ်ရိပေါ်က စောင့်နိုင်ပါတယ် ။
YOU ARE READING
Memorable Spring ( Completed)
Romanceနွေဦးရပ်ဝန်းရဲ့ ခပ်မှိုင်းမှိုင်းအဝါရောင်အိမ်လေး တည်ရှိခြင်းက ထာဝရဖြစ်ခဲ့တယ်