17.

842 72 0
                                    

Unicode

Bergen သို့အပြန်ခရီးအတွက်လည်း ရထားလက်မှတ်ပဲဖြတ်လိုက်တယ် ။ ဟိုတယ်ခန်း ပြန်အပ်ပြီးတာနဲ့ ရထားဘူတာကို ထွက်လာခဲ့ကြတယ် ။ ရထားက မနက် ၉ နာရီမှာစတင်ထွက်ခွာမှာဖြစ်တယ် ။
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့မျက်နှာထားနဲ့ အရိပ်အကဲကိုပဲ ကြည့်နေရတယ် ။ ရှောင်းကျန့်ဟာ
မနေ့ညက ဆိပ်ကမ်းကပြန်လာတဲ့လမ်းမှာကတည်းကနေ တိတ်ဆိတ်လွန်းနေခဲ့တာ အခုထိပါပဲ ။ ဝမ်ရိပေါ်ကလည်း စကားမပြောရဲဘူး ။ ရှောင်းကျန့်စိတ်ရှုပ်ရမှာကို ကြောက်လို့ ဖြစ်တယ် ။ ရှောင်းကျန့်မေးရင်တော့ ပြန်ဖြေလိုက်ပြီး တစ်ခွန်းစနှစ်ခွန်းစလောက်တော့ ပြောပါတယ် ။ မဟုတ်ရင်လဲသူက မနေတတ်တော့ဘူးလေ ။ ရှောင်းကျန်က နားလည်ရခက်လွန်းလို့ သူ့မှာ လိုက်မှီဖို့ မနည်းကြိုးစားနေရတာ ။

' ကျန့်ကော ရထားပေါ် တက်လို့ရပြီ '

' အင်း '

အလာတုန်းကအတိုင်းပဲ ရှောင်းကျန့်က ပြတင်းပေါက်ဘက်မှာထိုင်တယ် ။တည်ငြိမ်လွန်းနေတဲ့ ရှောင်းကျန့်ဟာ ရထားစထွက်ကတည်းက မျက်လုံးကို မှိတ်ထားခဲ့တယ် ။ အလာတုန်းကလိုမျိုးတက်ကြွစွာနဲ့ လမ်းတစ်လျှောက်က အလှတရားတွေကို မငေးမောတော့ဘူး ။ ဝမ်ရိပေါ်ကတော့ အလာလမ်းရောအပြန်လမ်းရောအတူတူပဲဖြစ်တယ် ။ မျက်လုံးမှိတ်ထားတဲ့ ရှောင်းကျန့်ကိုပဲ ငေးကြည့်မယ် ။ နောက်ထပ် ဘယ်တော့များမှ ထပ်တွေ့ရမလဲ မသိပါတဲ့ သူ့ရဲ့အညိုရောင်ဖျော့ဖျော့ လေးကို သူ့ရဲ့အစိတ်အပိုင်းတွေတိုင်းထဲမှာ ထည့်သိမ်းထားမယ် ။
..................

၇ နာရီနီးပါး ရထားစီးပြီး နောက်မှာတော့ Bergen သို့ ပြန်ရောက်လာခဲ့ကြပြီဖြစ်တယ် ။
ရှောင်းကျန့်ကြိုက်တဲ့ Bergen လမ်းကြားတွေကို ဝမ်ရိပေါ်က မကြည့်ဖြစ်တော့ဘူး ။ ရှောင်းကျန့်အိမ်လမ်းထဲက မေပယ်ရွက် တွေကလဲ အရင်လိုမလှတော့ဘူး ။ နောက်ဆုံး အဝါရောင်ခပ်မှိုင်းမှိုင်း အိမ်ကလေးကတောင် ကြည့်ရတာ လွမ်းဖို့ကောင်းလာခဲ့တယ် ။

အိမ်တံခါးဖွင့်လို့ အိမ်ထဲရောက်တာလာနဲ့ ဝမ်ရိပေါ်က နောက်ထပ်နှစ်ရက်လောက် ကပ်တွယ်နေဖို့ဆုံးဖြတ်တယ် ။ ရှောင်းကျန့်က သွားခိုင်းရင်တောင်မသွားဘူး ။ နှစ်ရက်လောက်လေးပါပဲ ။ ဆုံးဖြတ်ပြီး လို့ သိပ်မကြာသေးဘူး သူ့ရဲ့ အကိုကြီးဆီကနေ ဖုန်းဝင်လာတယ်

Memorable Spring ( Completed) Where stories live. Discover now