Unicode
ရိပေါ်က အစောဆုံး ရထားကို booking လုပ်ထားတာဖြစ်တယ် ။ ရထားကမနက် 7: 45 မှာထွက်ခွာမှာဖြစ်လို့ နွေဦးရဲ့ မနက်ခင်းစောစောမှာ နှစ်ယောက်သားက Bergen ဘူတာသို့ရောက်ရှိနေပြီ ။
Bergen ကနေ Oslo ကိုရောက်ဖို့ ၇ နာရီနီးပါး ရထားစီးရမှာဖြစ်တယ် ။ ထိုင်ခုံကနှစ်ခုံတွဲလေးတွေဖြစ်ပြီး ရှောင်းကျန့်က ပြတင်းပေါက်ဘက်နေရာယူတယ် ။ ရိပေါ်က အပေါ်ဘက်ကတန်းပေါ်မှာ ခရီးဆောင်အိတ်တွေတင်ပြီး ရှောင်းကျန့် ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း
' ကော ခနနေဆိုရထားထွက်တော့မယ် လမ်းတစ်လျှောက်ကလည်း အရမ်းလှတယ်တဲ့ ကျန့်ကော သဘောကျမှာသေချာတယ် '
ရှောင်းကျန့်က စိတ်လှုပ်ရှားနေတယ် ။Norway မှာနေလာတာကြာနေပေမယ့် ဘယ်မှာမသွားတာကြောင့် ဒီလို High speed ရထားမျိုးတွေ သူမစီးဖူးဘူး ။
ရထားစတင်ထွက်ခွာလာတာနဲ့ ရှောင်းကျန့်တစ်ယောက် ပြုံးပျော်နေတာပဲ ။ ထိုင်ခုံကလည်း သက်သောင့်သက်သာရှိတယ် ။ ရထားစီးပြီး တစ်ယောက်ယောက်နဲ့အတူခရီးသွားရဖို့ သူဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး ။ ဝမ်ရိပေါ်လို သူငယ်ချင်းမကျ သူစိမ်းမကျ သာမန်ရင်းနှီးတဲ့ ကောင်လေးမျိုးနဲ့ဆို ပိုတောင်ဆိုးသေးတယ် ။
ရှောင်းကျန့် က အရင်လိုရှောင်းကျန့်မဟုတ်တော့ဘူး ။ သူ့စိတ်ဟာတဖြည်းဖြည်း ပြောင်းလဲလာတာကိုလည်း သူကိုယ်တိုင်သတိထားမိနေတယ် ။
သူဟာ ဝမ်ရိပေါ်နဲ့ ခင်မင်ရင်းနှီးလာနိုင်ခဲ့တယ် ။ ဝမ်ရိပေါ်နဲ့ အတူရထားစီးပြီး Oslo ကိုသွားနေနိုင်တယ် ။ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ ရှုခင်းအသာဆုံးရထားလမ်းကြောင်းများထဲမှ တစ်ခုဟု ယူဆရသည့် လမ်းကြောင်းပေါ်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ရောက်ရှိနေတယ် ။
လှပသောရွာငယ်များ၊ ကြီးမားလှသောမြစ်များ၊ လန်းဆန်းပြီး စိမ်းလန်းသာယာသောတောင်ကုန်းများ ၊Scandinavian ရှုခင်းများ အပြင် ရေတံခွန်များက ပတ်ပတ်လည်ဝန်းရံထားတယ် ။ အရာအားလုံးကမျက်စိပသာဒ ဖြစ်စရာတွေချည်း ။
ဝမ်ရိပေါ်ပြောသလိုပဲ လမ်းတစ်လျှောက်လုံးက သိပ်လှတယ် ။
Norway ရဲ့အရာအာလုံးဟာလှပတယ် ။ Norway ရဲ့နွေဦးမှာတွေ့ဆုံခဲ့ရတဲ့ ဝမ်ရိပေါ် နဲ့အတူဆိုတဲ့ ခံစားချက်က ရှောင်းကျန် အတွက်နွေးထွေးစေတယ် ။
အပြင်ဘက်က ရှု့ခင်းတွေကိုငေးနေရတာဟာ အချိန်တွေဘယ်လောက်ကုန်နေပြီဆိုတာကို သတိမထားမိနိုင်ဘူး ။ ဒီလိုနဲ့ အချိန်ဟာ နေ့လည် ၁၂ ခွဲတောင်ရှိသွားပြီဖြစ်တယ် ။
YOU ARE READING
Memorable Spring ( Completed)
Romantikနွေဦးရပ်ဝန်းရဲ့ ခပ်မှိုင်းမှိုင်းအဝါရောင်အိမ်လေး တည်ရှိခြင်းက ထာဝရဖြစ်ခဲ့တယ်