11.

852 64 1
                                    

Unicode

Vigeland park ဟာ ထူးခြားတဲ့ ပန်းပုပန်းခြံတစ်ခုဖြစ်ပြီး လူသားတွေရဲ့ ရှုပ်ထွေးမူ ပုံစံအမျိုးမျိုးကို ထုဆစ်ထားတယ်။ ရုပ်ထုတွေအားလုံးက အဝတ်မပါတဲ့ ကိုယ်လုံးတီးရုပ်ထုတွေချည်းသာ ။
ထိုပန်းပုပန်းခြံက Gustav Vigeland ၏ အသက်မွေးဝမ်းကြောင်းလက်ရာဖြစ်ပြီး ကြေးဝါ၊ ကျောက်တုံးနှင့် သံထည်များဖြင့် ပြုလုပ်ထားသည့် ပန်းပုရုပ်တုပေါင်း ၂၁၂ ချပ်ကို ပြသထားတာဖြစ်တယ် ။
ရုပ်ထုတစ်ခုချင်းစီကလည်း အသက်ဝင်တာမို့ ရှောင်းကျန့်က အတော်လေးသဘောတကျဖြစ်နေတယ် ။ လှေကားထစ်တွေပေါ်တက်လိုက်ဆင်းလိုက်နဲ့ အညိုရောင်လေးဟာ ချစ်ဖို့ကောင်းပါတယ် ။ ဝမ်ရိပေါ်ရဲ့ ကင်မရာထဲမှာလည်း ဓာတ်ပုံပေါင်းများစွာ တိုးလာခဲ့ပြီး ရှောင်းကျန့်ရဲ့ ချစ်စရာကောင်းပုံအဖြာဖြာကို ထိုကင်မရာထဲတွင် တွေ့ရလိမ့်မယ် ။

' ကျန့်ကော ဒီရုပ်ထုတွေထဲက အကျော်ကြားဆုံးရုပ်ထုကိုခန့်မှန်းကြည့် '

ရှောင်းကျန့်က ထိုအမေးကြောင့် နှုတ်ခမ်းလေးဆူထွက်လာရင်း မျက်မှောင်ကျုံ့ပြတယ် ။ သဘောက သူကဘယ်လိုလုပ်ခန့်မှန်းနိုင်မှာလဲပေါ့ ။

' မသိဘူးလေ '

ရှောင်းကျန့်ရဲ့ အပြုအမူလေးနဲ့ ပြောပုံလေးကိုကြည့်ပြီး ဝမ်ရိပေါ်က သဘောကျလွန်းလို့ အသံထွက်အောင်ရယ်တယ် ။ ဘာလို့အဲ့လောက်တောင် ချစ်ဖို့ကောင်းရတာလဲ ရှောင်းကျန့်ရဲ့ ။

' မင်း ဘာရယ်တာလဲ '

' ဘာမှဟုတ်ဘူး အဟဲ '

' လာခဲ့ ကျွန်တော်လိုက်ပြမယ် ' ဆိုပြီးရှောင်းကျန့်လက်ကိုလှမ်းဆွဲလို့ ခေါ်သွားတော့တယ် ။
ဒီ​​နေ့ Vigeland park မှာလူများတယ် ။ ပတ်ပတ်လည်ကလူတွေက လက်တွဲထားတဲ့ အာရှရုပ်နဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ပြီး ပြုံးစိစိလေးတွေ ။ ဝမ်ရိပေါ်ကတော့ အာရုံစိုက်ပုံမပေါ်ပေမယ့် ရှောင်းကျန့်ကတော့ မျက်နှာတွေပူလို့ရယ် ။ သူရှက်နေပြီဖြစ်တယ် ။

' ဒီရုပ်ထုပဲ ကျန့်ကော '

ဝမ်ရိပေါ် ခေါ်လာပြတဲ့ အကျော်ကြားဆုံးသော ရုပ်တုမှာ ရှင်သန်ရေးတိုက်ပွဲနှင့် ဆင်တူသည်ဟု ဆိုထားသည့် 17 မီတာမြင့်သော 'Sinnataggen' (The Angry Boy) ပန်းပုရုပ်ထုဖြစ်တယ် ။ ထိုရုပ်ထုဟာ ကလေးငယ်လေးက လက်သီးနှစ်ဖက်ဆုပ်ပြီး ငိုနေပုံကို ထုဆစ်ထားတာဖြစ််ပါတယ် ။

Memorable Spring ( Completed) Where stories live. Discover now