14.

839 65 2
                                    

Unicode

ရှောင်းကျန့်ကို ဒုတိယအကြိမ်ပြန်တွေ့ခဲ့ရပြီးနောက်မှာတော့ ဝမ်ရိပေါ်က ဟောက်ရွှမ်းရဲ့အကူအညီနဲ့ ရှောင်းကျန့်အကြောင်း နည်းနည်းပါးပါး သိခဲ့ရတယ် ။ ဟောက်ရွှမ်းရဲ့အဖေနဲ့ ရှောင်းကျန့်ရဲ့အဖေဟာစီးပွားဘက်တွေဖြစ်တာမို့ ဟောက်ရွှမ်းက ရှောင်းကျန့်အကြောင်းအနည်းငယ်သိတယ် ။
ရှောင်းကျန့်ဆီမှာ ချန်ဖန်းဆိုတဲ့သူငယ်ချင်းတစ်ယောက်သာလျှင်ရှိပြီး ချန်ဖန်းက ရှောင်းအိမ်ရဲ့ အိမ်တော်ထိန်းဖြစ်သူရဲ့ သားဖြစ်ကြောင်း ။
ရှောင်းကျန့်ရဲ့မိဘတွေက ရှောင်းကျန့်အပေါ်ဂရုမစိုက်ကြောင်းနဲ့ ရှောင်းကျန့်ကငယ်ငယ်ကတည်းကတစ်ယောက်တည်းပဲကြီးပြင်းလာခဲ့ရတဲ့အကြောင်းတွေဖြစ်တယ် ။
ရှောင်းကျန့်ရဲ့မိသားစုနဲ့ပက်သတ်တဲ့အကြောင်းကိုတော့ ဟောက်ရွှမ်းပြောပြသလောက်အပေါ်ယံသာလျှင်သိရတာဖြစ်ပြီး အသေးစိတ်တော့မသိခဲ့ရဘူး ။
အဲ့ထဲမှာသူရင်နာမိတာကတော့ ရှောင်းကျန့်နဲ့သူနဲ့ဟာတစ်ရပ်ကွက်ထဲမှာပဲ နေကြတယ်ဆိုတဲ့အကြောင်းဖြစ်တယ် ။ကြားထဲမှာ လမ်းနှစ်လမ်းပဲခြားတာဖြစ်လျှက်နဲ့ ပေါ့ ။

ရှောင်းကျန့်ရဲ့အိမ်ကိုသိခဲ့ရပြီးနောက်ပိုင်း ဝမ်ရိပေါ်ကအားတိုင်း ထိုအိမ်ရှေ့ရောက်နေခဲ့တယ် ။ တစ်ခါတစ်လေမှာ ရှောင်းကျန့် ကိုတွေ့ခဲ့ရပြီး မတွေ့ရတာတော့များတယ် ။ ရှောင်းကျန့်ကသူ့ကိုတစ်ခါမှ ဘယ်တော့မှ သတိမထားမိဘူး ။ တစ်နေ့မှာတော့ ရှောင်းအိမ်ကိုတခြားမိသားစုကဝယ်သွားပြီဆိုတဲ့သတင်းကြားလိုက်ရတယ် ။ အဲ့ပြီးကတည်းက ရှောင်းအိမ်ဟာအမြဲတမ်းသော့ခတ်ထားသလို ရှောင်းကျန့်ကိုလည်းနောက်ထပ်မတွေ့ရတော့ဘူး ။

ဆယ်ကျော်သက် အရွယ်ဝမ်ရိပေါ်ရဲ့ နှလုံးသားလေးဟာ ရှောင်းကျန့်ရုတ်တရက်ပျောက်ကွယ်သွားခြင်းအပေါ် အလူးအလဲဖြစ်ခဲ့ရပါသေးတယ် ။ ဒါကိုသိတဲ့ဟောက်ရွှမ်းကတော့ ပြောရှာပါတယ် အကိုရှောင်းကျန့်ကို တစ်နေ့ကျရင်ပြန်တွေ့ရမှာပေါ့ တဲ့ ။
အဲ့နောက်ပိုင်း ရှောင်းကျန့်ရဲ့သတင်းကိုမကြားရတော့သလို ရှောင်းကျန့်ရဲ့ အဖေဖြစ်သူကိုယ်တိုင်ကတောင် သူ့သားဘယ်ပြောင်းသွားမှန်းမသိခဲ့ရပါ ။

Memorable Spring ( Completed) Where stories live. Discover now